Make An Appointment
Image Alt

ကျွန်ုပ်တို့အကြောင်း

  /  ကျွန်ုပ်တို့အကြောင်း
About

ကိုရီးယားနိုင်ငံ၏ ရင်းမြစ်အား စင်ကာပူနိုင်ငံ၏ အနှစ်သာရများဖြင့် ရောစပ်ထားသည့် ရန်ကုန်မြို့၏ ထိပ်တန်းဆေးခန်းအား လူကြီးမင်းထံ ယူဆောင်လာပါပြီ။

မြန်မာပြည်မှ မိတ်ဆွေများနှင့် အိမ်နီးချင်းများအား အကောင်းဆုံးသော အလှအပနှင့် ကျန်းမာရေးဆိုင်ရာ ဖြေရှင်းနည်းလမ်းများကို ပေးအပ်နိုင်ရန် Dream Aesthetic & Medispa အား မြန်မာနိုင်ငံမှ အကြီးဆုံးမြို့တော်၏ အချက်အချာအနေရာတွင် တည်ထောင်ထားပါသည်။ Dream Aesthetic & Medispa တွင် ကိုရီးယားနိုင်ငံနှင့် စင်ကာပူနိုင်ငံမှ ရယူထားသည့် ကျွန်ုပ်တို့၏ ကိုယ်ပိုင်ကုသမှုနည်းလမ်းများနှင့်အတူ တွဲစပ်ထားသော ခေတ်အမီဆုံး နည်းပညာများဖြင့် Anti-aging အပါအဝင် အရေပြားကျန်းမာရေးဆိုင်ရာ ကုသမှုများကို ပြန်လည်ဆန်းသစ်ထားပါသည်။

DREAM ၏ ကတိကဝတ်

စတင်တည်ထောင်ချိန်မှစ၍ ကျွန်ုပ်တို့၏ လူနာအားလုံးကို စစ်မှန်သည့် ယဉ်ကျေးပျူငှာမှု၊ တစ်ဦးချင်းစီအတွက် အလေးထားဂရုစိုက်မှုနှင့် အမှန်တကယ်ထိုက်တန်သော ပြုစုစောင့်ရှောက်မှုတို့ဖြင့် ဆက်ဆံရန် ကတိကဝတ်ပြုခဲ့ပြီး ဖြစ်ပါသည်။

တစ်ခါတစ်ရံတွင် အလှအပဆိုင်ရာ ပြုပြင်ကုသမှုများမှာ ဘဝအလှည့်အပြောင်း ဖြစ်စေသော အတွေ့အကြုံများ ဖြစ်သည်ကို ကျွန်ုပ်တို့ နားလည်သလို ထိုကုသမှုနှင့် ဆက်နွယ်နေသည့် တာဝန်ယူမှုအပိုင်းကိုလည်း ကျွန်ုပ်တို့ တန်ဖိုးထားပါသည်။ မည်သည့်ကုသမှုကိုမဆို ပြုလုပ်ရန် ဆုံးဖြတ်ရာတွင် စိတ်အားထက်သန်မှု၊ စိတ်ပိုင်းဖြတ်မှုနှင့် စိတ်ခံစားမှုဆိုင်ရာ အားစိုက်ထုတ်မှုတို့ လိုအပ်ပါသည်။ ထို့ကြောင့်လည်း ကောင်းမွန်သည့် ရလဒ်နှင့် အတွေ့အကြုံများကို ပေးအပ်ရုံသာမက လူကြီးမင်း၏ မေးခွန်းများကို ဖြေရှင်းပေးနိုင်သော၊ စိုးရိမ်သောကများကို ဖြေလျှော့ပေးနိုင်သော၊ ကုသမှုအဆင့်ဆင့်အား ဖြတ်ကျော်ရာတွင် ဖေးမပေးနိုင်သော အားကိုးရသည့် ကျွမ်းကျင် ဆေးပညာရှင်အဖွဲ့အား ပိုင်ဆိုင်ရန် လိုအပ်ပါသည်။

လူတိုင်းတွင် ထူးခြားချက်ကိုယ်စီရှိပြီး သူတို့၏ အလှအပကို ကိုယ်တိုင်ဆုံးဖြတ်ကာ ဖော်ပြနိုင်စွမ်းရှိသည်ဟု ကျွန်ုပ်တို့ ယုံကြည်ထားသည့်အတွက် ပုံသေရလဒ်များကို ထုတ်လုပ်ပေးမည် မဟုတ်ပါ။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ များပြားလှသော ယဉ်ကျေးမှုများအနက်မှ ထင်ပေါ်ကျော်ကြားသည့် အလှအပတရားများအပေါ်တွင် ထားရှိသည့် ကျွန်ုပ်တို့၏ နားလည်မှုကို ဆေးပညာကျွမ်းကျင်မှုနှင့် ပေါင်းစပ်ပေးပြီး လူကြီးမင်း တောင့်တသော သဘာဝဆန်ဆန် လှပမှုကို ရရှိအောင် ကူညီပေးရန် ဖြစ်ပါသည်။

သင့်အတွက် သီးသန့်ဖန်တီးပေးခြင်း

ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ များပြားလှသော ယဉ်ကျေးမှုများအနက်မှ ထင်ပေါ်ကျော်ကြားသည့် အလှအပတရားများအပေါ်တွင် ထားရှိသည့် ကျွန်ုပ်တို့၏ နားလည်မှုကို ဆေးပညာကျွမ်းကျင်မှုနှင့် ပေါင်းစပ်ပေးပြီး လူကြီးမင်း တောင့်တသော သဘာဝဆန်ဆန် လှပမှုကို ရရှိအောင် ကူညီပေးရန် ဖြစ်ပါသည်။

Dream Aesthetic & Medispa သည် အာရှတိုက်၏ အကြီးမားဆုံး ကိုရီးယား အစားထိုးခွဲစိတ်ပြုပြင်မှု (ပလတ်စတစ် ဆာဂျရီ) ပြုလုပ်သည့် အဖွဲ့တစ်ခုဖြစ်သည့် Dream International Holdings (DIH) ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ ဤလုပ်ငန်းနယ်ပယ်တွင် နှစ်ပေါင်းများစွာ လေးစားအားထားခံရသည့် Dream သည် ကိုရီးယားတွင် အကောင်းဆုံး ပလတ်စတစ်ဆာဂျရီအစီအစဉ်များကို ပိုင်ဆိုင်ကာ ထိပ်တန်းအဆင့် ဖောက်သည်များကိုလည်း ရရှိထားပါသည်။ ယခုအခါ DIH သည် လေးနိုင်ငံသို့ ဖြန့်ကျက်နေရာယူပြီးဖြစ်ပြီး ထိုဆေးခန်းများမှာ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ Dream Medical Group၊ စင်ကာပူနိုင်ငံ၌ Dream Aesthetics & Plastic Surgery၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာနှင့် ဆူရာဘာယားတွင် PURO Clinic အမည်ဖြင့် အလှအပရေးရာ ဆေးခန်းများနှင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် Dream Aesthetic & Medispa အဆင့်မြင့် အလှအပရေးရာဆေးခန်း တို့ဖြစ်ပါသည်။

Dream Aesthetic & Medispa Yangon Dr NuNu

ဒေါက်တာနုနုရီ

ပလတ်စတစ် ဆာဂျရီဆရာဝန် (အစားထိုးပြုပြင်မှုဆိုင်ရာ ခွဲစိတ်ဆရာဝန်)

အလှတရားဆိုသည်မှာ ကြည့်ရှုသူ၏ မျက်လုံးထဲတွင်သာရှိသော အမြင်တစ်ခုဖြစ်သည်နှင့်အညီ ဒေါက်တာ နုနုရီသည် လူနာတစ်ယောက်ချင်းစီနှင့် နားလည်မှုယူကာ ဆက်သွယ်မှုတစ်ခုကို တည်ဆောက်ရာတွင် ပလတ်စတစ်ဆာဂျရီ၏ အနုပညာတည်ရှိသည်ဟု ယုံကြည်ထားသူ ဖြစ်ပါသည်။ လူနာတစ်ဦးချင်းစီအား အထူးတလည် ဂရုစိုက်ကုသပေးရန်နှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများအား တစ်ဖက်ကမ်းခပ် တတ်မြောက်မှုကိ အရေးထားခြင်းကြောင့် ထင်ပေါ် ကျော်ကြားလှသည့် ပလတ်စတစ်ဆာဂျရီဆရာဝန်သည် အလှအပနှင့် လိုအပ်ချက်များကို ညီမျှအောင် ညှိနိုင်စွမ်းရှိသူ ဖြစ်သည်နှင့်အညီ သဘာဝကျကျနှင့် ပေါ်လွင်သော ရလဒ်များအား ရယူပေးနိုင်စွမ်းရှိပါသည်။

 

နှစ် ၂၀ ကျော် အတွေ့အကြုံများကို ပိုင်ဆိုင်ထားသော ဒေါက်တာနုနုရီသည် သမားရိုးကျ နည်းဟောင်းများအား ဆန့်ကျင်၍ ၁၉၉၆ ခုနှစ်တွင် မန္တလေး၌ မျက်နှာနှင့်မေးရိုးဌာန (ပလတ်စတစ်ဆာဂျရီဋ္ဌာန) ကို မိတ်ဆက်ကာ လမ်းသစ်ထွင်ခဲ့သူများထဲတွင် တစ်ယောက် အပါအဝင် ဖြစ်သည့်အတွက် လေးစားကြည်ညိုခံရသူ ဖြစ်ပါသည်။

 

ဒေါက်တာနုနုရီသည် USA တွင် microsurgery အား သင်ယူခြင်း၊ Singapore General Hospital ၏ ပလတ်စတစ်ဆာဂျရီ ဋ္ဌာနတွင် ပလတ်စတစ်နှင့် မျက်နှာအား ပြန်လည်ပုံသွင်းသော ဆာဂျရီများအား အထူးတလည် သင်ယူခြင်းအားဖြင့် မိမိ၏ အရည်အချင်းများအား ထက်မြက်လာစေရန် သွေးယူခဲ့သည်။ ခွဲစိတ်ခန်း၏ အပြင်ဘက်တွင်မူ ဒေါက်တာ နုနုရီသည် ကံမကောင်း အကြောင်းမလှခဲ့သူများ၏ ဘဝအား လှပအောင် ပြုပြင်ပေးရန်အတွက်  မိမိ၏ အရည်အချင်းများအား အသုံးပြု၍ Interplast, Smile Asia နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ အစရှိသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှား၍ မြန်မာနိုင်ငံအထက်ပိုင်းမြို့များရှိ လူနာများအား စီမံကိန်းများဆွဲ၍ လိုက်လံကုသပေးလျက်ရှိရာ ယနေ့အချိန်ထိ လူနာ၅၀၀၀ကျော်အား အခမဲ့ကုသပေးခဲ့ပြီးဖြစ်ပါသည်။

Dream Aesthetic & Medispa Yangon Dr Yuzana

ဒေါက်တာယုဇန

အလှအပရေးရာဆရာဝန်

ဒေါက်တာယုဇနထွေးသည် ဆေးပညာဆိုင်ရာ အလှအပနယ်ပယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိထားသော ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ပါသည်။ ငယ်ရွယ်စဉ်ကတည်းက အလှအပနှင့် ကျန်းမာရေးအား စိတ်ဝင်စားခဲ့သော စိတ်အားထက်သန်သူတစ်ယောက် ဖြစ်သည်နှင့်အညီ ဒေါက်တာယုဇနသည် မန္တလေးတွင်ရှိသော နာမည်ရထားသည့် ဆေးရုံဆေးခန်း အများအပြားတွင် အလုပ်လုပ်ကိုင်ခဲ့ပြီးနောက်တွင် Dream Aesthetics & Plastic Surgery Singapore တွင် အလှအပနှင့်သက်ဆိုင်သည့် ပညာများအား ထပ်မံ၍ ရယူခဲ့ပါသည်။

 

ဒေါက်တာယုဇနသည် စင်ကာပူတွင် ကျွမ်းကျင်ဆေးပညာရှင်များ၏ ပြည့်စုံသော လေ့ကျင့်ပေးမှုများကို ခံယူခဲ့ပြီး နောက်ဆုံးပေါ် ကုသမှုများအား လက်တွေ့စမ်းသပ်နိုင်ကာ ကျွမ်းကျင်မှုကို ရရှိခဲ့ပါသည်။ ယနေ့ခေတ်၌ အလှအပဆိုင်ရာ လုပ်ငန်းများ များပြားလွန်းသော်လည်း ဒေါက်တာယုဇနကဲ့သို့သော ကျင့်ဝတ်ဖြင့် ညီညွတ်ကာ ပင်ကိုစွမ်းရည်ရှိသူက ရှားပါးလှပါသည်။ ဒေါက်တာသည် အတွေ့အကြုံဟောင်းများအား အသုံးပြုပြီး လူနာများအား ကုသမပေးခင် မိမိကိုယ်ကို ကုသကာ တိုးတက်မှုများကို စနစ်တကျ လေ့လာခြင်းအားဖြင့် Dream Aesthetic & Medispa အတွက် ကုသမှုနည်းလမ်းအသစ်များကို တီထွင်ခဲ့ပါသည်။

 

လူများသည် တစ်ဦးနှင့် တစ်ဦး ထပ်တူကျခြင်းမရှိသလိုပင် ကုသမှုများသည်လည်း တစ်ခုနှင့်တစ်ခု တူညီခြင်း မရှိပါ။ ဒေါက်တာယုဇနသည် လူနာများအား အထူးဂရုစိုက်ပေးနိုင်ပြီး တစ်ဦးချင်းစီ၏ စိတ်သောကအား နားလည်ပေးနိုင်သည့်အပြင် မတူညီသော အလှအပဆိုင်ရာ ပန်းတိုင်များဆီသို့ အရောက်လှမ်းနိုင်စေရန်အတွက် အများနှင့်မတူ တစ်မူထူးခြားသော ကုသမှုများအား ပေးစွမ်းနိုင်မည် ဖြစ်ပါသည်။

၁။ လူကြီးမင်းနဲ့ လူကြီးမင်းရဲ့ မိသားစုဝင်တစ်ယောက်ယောက် နေထိုင်မကောင်းလျှင်သော်လည်းကောင်း
၂။ လွန်ခဲ့သည့် (၁၄)ရက်အတွင်းက ခရီးသွားခဲ့လျှင်သော် လည်းကောင်း
အားလုံးရဲ့ ကျန်းမာရေးနဲ့လုံခြုံရေးအတွက် ကြိုတင် booking လုပ်ထားမှုကို ပယ်ဖျက်ပြီး မိမိအိမ်မှာပဲ အနားယူနေဖို့ အကြံပေးချင်ပါတယ်။
ဒါ့အပြင် ဆေးခန်းသို့ရောက်လျှင်ရောက်ချင်း ကိုယ်အပူချိန်တိုင်းတာခြင်း ပြုလုပ်မှာဖြစ်ပြီး ကိုယ်အပူချိန် ကိုယ်အပူချိန် ပုံမှန်ထက်ကျော်လွန်နေပါက ကုသမှု ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်အပူချိန်ပုံမှန်ပြန်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာမှ ပြန်လည်ပြသရန် မေတ္တာရပ်ခံပါတယ်။
ကျွန်ုပ်တို့ရဲ့ ဦးစားပေးပထမဆင့်က customer လူကြီးမင်းများ နဲ့ ဝန်ထမ်းများရဲ့ လုံခြုံမှုနဲ့ ကျန်းမာရေးဖြစ်တာမို့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းအပ်ပါတယ်။

 

လေးစားစွာဖြင့်
Dream Aesthetic & Medispa မိသားစု

COVID-19 အသိပေးကြေညာလွှာ