Make An Appointment
Image Alt

ခန္ဓာကိုယ် ခွဲစိတ်ကုသမှု

  /  ခန္ဓာကိုယ် ခွဲစိတ်ကုသမှု

Dream အဆီပိုဖယ်ရှားကုသမှု

Dream-Liposuction

အလုပ်များသော လောကတွင် အချိန်မရှိ၍ သို့မဟုတ် မျိုးဗီဇကြောင့် ဖြစ်နေ၍ဟု ဆိုနိုင်သော်လည်း အချို့မှာမူ ကျန်းမာရေး လိုက်စားကာ အားကစားလုပ်သော်ငြား အဆီပိုများက ကျသင့်သလောက် ကျမသွားဘဲ ရှိနေတတ်ပါသည်။

အဆီပိုဖယ်ရှားကုသမှုက ပိုနေသောအဆီများကို ဖယ်ရှားရန်နှင့် ခန္ဓာကိုယ်ပုံသဏ္ဌာန်ကို အချိုးအစားညီအောင် ပြုပြင်ရန်သည့်နေရာတွင် ထိရောက်စွာ ကူညီနိုင်ပါသည်။

ဤကုသမှုအတွက် သင့်တော်သူများမှာ-

အချိန်တိုအတွင်း စလင်းဘော်ဒီ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်လိုသူများ

အဆီပိုများကြောင့် မျက်နှာနှင့် ခန္ဓာကိုယ် ကောက်ကြောင်း မညီညာသူများ

ပုံမှန်အားကစားလုပ်ပြီး အာဟာရရွေးချယ်စားသောက်သော်လည်း ကိုယ်အလေးချိန် မကျသူများ

မျက်နှာ၊ ဝမ်းဗိုက်၊ ပေါင်စသည့် အလွယ်တကူ မတွေ့ရသော နေရာများတွင် အဆီပိုရှိသူများ

Body Surgery

အဆီဖြင့်အစားထိုး ပုံဖော်ခြင်း

ပိုမိုချောမွေ့ပြီး ပိုမိုနုပျိုသောပုံဟန်ရရှိစေရန်နှင့် ပြည့်ဖြိုးစေချင်သည့် နေရာများကို ပိုမိုပေါ်လွင်နိုင်အောင် အစားထိုးပစ္စည်းများ(filler) ရွေးချယ်ကြပါသည်။ သို့ရာတွင် အဆီဖြင့်အစားထိုးပုံဖော်ခြင်းက ပိုမိုသဘာဝကျပြီး ကြာရှည်ခံသော အာနိသင် ရှိသောကြောင့် လူအများ သဘောကျသည့်နည်းလမ်းတစ်ခု ဖြစ်နေပါသည်။

အဆီဖြင့်အစားထိုးပုံဖော်ခြင်းတွင် လူကြီးမင်းပေါင်နှင့် ဗိုက်ရှိ အဆီပိုများကို ဖယ်ရှား၍ ခန္ဓာကိုယ်ရှိ လိုအပ်သောနေရာ(များ)သို့  ပြောင်းရွှေ့အစားထိုးလိုက်ပါသည်။ ထိုသို့ အဆီအစားထိုးမှုနှင့် ဖွံ့ဖြိုးမှု ဓာတ်ပစ္စည်းများ ထုတ်လုပ်ပေးသည့် အစီအစဉ်က အခြားယာယီထည့်သော အစားထိုးပစ္စည်းများနှင့် နှိုင်းယှဉ်ပါက နှစ်ပေါင်းများစွာ တာရှည်ခံပါသည်။ ပါးနှင့် တင်ပါးကဲ့သို့ နေရာများတွင် ပြည့်ဖြိုးမှုရှိအောင် အစားထိုးရာတွင် ပိုမိုသဘာဝကျသော နည်းလမ်းတစ်ခုလည်း ဖြစ်ပါသည်။

အဆီအစားထိုးပုံဖော်ခြင်း သင့်တော်သည့် နေရာများတွင်အောက်ပါတို့ ပါဝင်ပါသည်။

နဖူး

Area around the eyes

ပါးပြင်

နှာခေါင်းဘေးရှိ အစင်းကြောင်းနှင့် မေးရိုးတစ်ဖက်တစ်ချက်ရှိ အစင်းကြောင်းနေရာ

မေးစေ့

ရင်သား (ရင်သားကြီးစေခြင်း)

တင်ပါး (ဘရာဇီးပုံစံ တင်ပါးကြီးစေခြင်း)

၁။ လူကြီးမင်းနဲ့ လူကြီးမင်းရဲ့ မိသားစုဝင်တစ်ယောက်ယောက် နေထိုင်မကောင်းလျှင်သော်လည်းကောင်း
၂။ လွန်ခဲ့သည့် (၁၄)ရက်အတွင်းက ခရီးသွားခဲ့လျှင်သော် လည်းကောင်း
အားလုံးရဲ့ ကျန်းမာရေးနဲ့လုံခြုံရေးအတွက် ကြိုတင် booking လုပ်ထားမှုကို ပယ်ဖျက်ပြီး မိမိအိမ်မှာပဲ အနားယူနေဖို့ အကြံပေးချင်ပါတယ်။
ဒါ့အပြင် ဆေးခန်းသို့ရောက်လျှင်ရောက်ချင်း ကိုယ်အပူချိန်တိုင်းတာခြင်း ပြုလုပ်မှာဖြစ်ပြီး ကိုယ်အပူချိန် ကိုယ်အပူချိန် ပုံမှန်ထက်ကျော်လွန်နေပါက ကုသမှု ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်အပူချိန်ပုံမှန်ပြန်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာမှ ပြန်လည်ပြသရန် မေတ္တာရပ်ခံပါတယ်။
ကျွန်ုပ်တို့ရဲ့ ဦးစားပေးပထမဆင့်က customer လူကြီးမင်းများ နဲ့ ဝန်ထမ်းများရဲ့ လုံခြုံမှုနဲ့ ကျန်းမာရေးဖြစ်တာမို့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းအပ်ပါတယ်။

 

လေးစားစွာဖြင့်
Dream Aesthetic & Medispa မိသားစု

COVID-19 အသိပေးကြေညာလွှာ