Make An Appointment
Image Alt

Dream အိုမင်းရင့်ရော်မှု ကာကွယ်ခြင်း

  /  Dream အိုမင်းရင့်ရော်မှု ကာကွယ်ခြင်း

ကြိုးကုထုံးဖြင့် တင်းရင်းစေခြင်း

အသက်ကြီသော်လည်း နုပျိုနေတုန်းပဲဆိုသည့် စကားမှာ ကျွန်ုပ်တို့အများစု ကြားချင်ကြသည့်စကားဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် နုပျိုနေရန် အကူအညီ လိုအပ်သည်ဟု ထင်သော်ငြား ခွဲစိတ်ကုသရန် တွန့်ရွံ့နေခြင်းမျိုးလည်း ဖြစ်နေမိတတ်ပါသည်။

အထူးသဖြင့် face lift နှင့် နှိုင်းယှဉ်ပါက ကော်လဂျင်ကြိုးကုထုံးကို အသုံးပြုသည့်အခါ ကုသချိန်နှင့် အနာကျက်သောအချိန် ပိုနည်းသည့်အတွက် အိုမင်းရင့်ရော်မှု၊ အရေပြား လျော့တွဲမှုတို့ ဖြေရှင်းလိုသော အမျိုးသား၊ အမျိုးသမီးတိုင်းအတွက် ကရိကထမများဘဲ အချိန်ကုန်သက်သာသော အကောင်းဆုံး ဖြေရှင်းနည်းတစ်ခု ဖြစ်ပါသည်။ ထို့ကြောင့် ကော်လဂျင်ကြိုးကုထုံးသည် အိုမင်းရင့်ရော်မှု ကာကွယ်သည့် နေရာတွင် လူကြိုက်အများဆုံး အလှအပရေးရာ ကုသမှုများထဲမှ တစ်ခုဖြစ်လာနေပါသည်။

ဤကုသမှုတွင် ကော်လဂျင်ကြိုးများကို သေးငယ်သောဆေးထိုးအပ်နှင့်အတူ မျက်နှာ၏သတ်မှတ်ထားသော အရေပြားအလွှာတွင်းသို့ ထည့်သွင်းပါသည်။ ခွဲစိတ်ဆရာဝန်က အောက်ခံကြွက်သားများ တင်းရင်းလာစေရန် ကြိုးကို ဆွဲတင်းပါလိမ့်မည်။ ထိုအမျှင်များက အရေပြားအမျှင်ဆဲလ် (fibro blast) များကို နှိုးဆွကာ သဘာဝ ကော်လာဂျင်ဆဲလ် ပိုထုတ်အောင် ထပ်ဆင့်ဆောင်ရွက်ခြင်းအားဖြင့် ‘‘ပြည့်ဖြိုးမှု’’ နှင့် ပြန်လည်နုပျိုမှုတို့ကို ဖန်တီးပေးပါသည်။ မျက်နှာမှ အရေးအကြောင်းများကို သက်သာစေကာ လျော့တွဲနေသော အရေပြားကို တင်းရင်းပေးသည့်အတွက် ပိုမိုနုပျိုသော အရေပြားနှင့် ပိုမိုညီညာသော မျက်နှာသွင်ပြင်လက္ခဏာများ ရရှိလာပါသည်။

Dream Anti-Aging Yangon
Types of Thread Lifting

ကော်လဂျင်ကြိုးကုထုံးဖြင့် တင်းရင်းစေသောကုထုံးနှင့် သင့်တော်သူများမှာ-

မျက်နှာအလှအပ ကုသမှုကဲ့သို့ ခွဲစိတ်ကုသမှုကို ခံယူရမှာ ကြောက်လျှင်

တင်းရင်းသည့် အာနိသင်ကို လျင်မြန်စွာ ရရှိလိုလျှင်

အရေးအကြောင်းများကို ပြုပြင်လိုလျှင်

သင့်အရေပြား၏ ကျုံ့ဆန့်မှုက ယခင်လိုမဟုတ်တော့လျှင်

သွေးရည်ကြည်ဆဲလ် ကုထုံး (PRP)

Dream Anti-Aging PRP Therapy

PRP တွင် သွေးမှ ခွဲထုတ်ထားသည့် ဖွံ့ဖြိုးမှုဓာတ်ပစ္စည်းများစွာပါဝင်သော သွေးရည်ကြည် ပါဝင်ပါသည်။ ၎င်းကို ပြည့်တင်းစေလိုသော နေရာမှ အစပြု၍ အရေပြား၏ နေရာအနှံ့သို့ ထိုးသွင်းကာ အရေပြား ပြန်လည်နုပျိုစေပါသည်။ ဤကုထုံးကို တစ်ခါတစ်ရံ ကလေးမျက်နှာကုထုံး သို့မဟုတ် ‘‘သွေးစုပ်ဖုတ်ကောင် မျက်နှာအလှအပကုထုံး (Vampire facial)’’ ဟုလည်း ခေါ်ပါသည်။

ဤကုသမှုတွင် သွေးနမူနာ ၁၀-၄၀ မီလီလီတာကို လူနာထံမှ ယူပါသည်။ ကိုယ်ပိုင်သွေးကို ပြန်လည်အသုံးပြုခြင်းဖြင့် ရောဂါပိုးကူးစက်မှု၊ ဓာတ်မတည့်မှုနှင့် အခြားဘေးထွက်ဆိုးကျိုးအမျိုးမျိုး မဖြစ်အောင် လျှော့ချကာ အန္တရာယ်ပိုကင်းစေပါသည်။ ထိုသွေးကို စက်ပေါ်တွင်ထားကာ အနည်ထိုင်အောင် ပြုလုပ်ပါသည်။ ထိုသို့ ခွဲထုတ်ထားသော သွေးအလွှာတွင် သွေးရည်ကြည်ဆဲလ် ပမာဏများသည့် အစိတ်အပိုင်းကို ဆရာဝန်က အသုံးပြုပြီး အရေပြား၏ သတ်မှတ်နေရာများထဲသို့ ထိုးသွင်းပါသည်။ ထိုအခါတွင် အရေပြားက ကျုံ့ဆန့်မှုပြန်လည်ရရှိပြီး တောက်ပနုပျိုလာပါသည်။

Dream Anti-Aging

ဤကုသမှုနှင့် သင့်တော်သူများမှာ-

နားထင်၊ ပါး၊ မျက်လုံးအောက်ပိုင်းနှင့် နှုတ်ခမ်းအထက်အစင်းကြောင်းတွင် ပြည့်တင်းချင်သူများ

အရေပြား ကျုံ့ဆန့်မှု နည်းပါးလာသည့်အတွက် ပါးရေတွန့်ခြင်းနှင့် အိုမင်းရင့်ရော်မှု လက္ခဏာများရှိနေသူများ

ထိုင်းမှိုင်းသော အရေပြားကို ပြန်လည်လန်းဆန်းစေချင်သူများ

မျက်ခုံးမြှင့်တင်ခြင်း (နဖူးမြှင့်တင်ခြင်း)

တွဲကျနေသော မျက်ခုံးများ၏ အလယ်၊ နဖူးပေါ်တွင် အရေးအကြောင်းများ ပေါ်လာသည့်အခါ မျက်နှာသည် ပိုမို ရင့်ရော်သွားတတ်ပါသည်။ အရေးအကြောင်းများသည့် မျက်ခုံးများကို ပိုင်ဆိုင်ထားသည့်အခါတွင် ကျွန်ုပ်တို့၏ မျက်နှာသည် အမြဲတစေ ပင်ပန်းနေဟန်၊ စိုးရိမ်နေဟန်၊ ဒေါသထွက်နေဟန် ပေါ်နေတတ်ပါသည်။

မျက်ခုံးမြှင့်တင်ကုသမှု ထိုပြဿနာများကိုဖြေရှင်းရန် အကောင်းဆုံးနည်းဖြစ်သလို မျက်ခုံးကို မြှင့်တင်လိုက်သည့်အတွက် မျက်လုံးများကိုလည်း ပိုမိုကျယ်သွားစေပါသည်။ ကုသမှုအမည်အတိုင်းပင် ဤကုသမှုက မျက်ခုံးကို မြှင့်တင်ခြင်းအားဖြင့် နဖူးနှင့်မျက်ခုံးမှ တစ်ရှူးငယ်များနှင့် အရေပြားကို မြင့်တက်သွားစေပါသည်။ ဤနည်းလမ်းအား နဖူးမြှင့်တင်ကုသမှု၊ နဖူးအား ပြန်လည်နုပျိုစေသည့် ကုသမှုဟုလည်း လူသိများပါသည်။

မျက်ခုံးမြှင့်တင် ကုသမှု ခံယူလိုသူများက မျက်နှာတစ်ခုလုံးအား အကောင်းဆုံး အကျိုးသက်ရောက်မှု ရရှိစေရန် မျက်ရစ် ခွဲစိတ်ကုသမှု သို့မဟုတ် မျက်နှာမြင့်တင်ကုသမှု စသည့် အခြားကုသမှုများကိုလည်း တစ်ခါတစ်ရံ ရွေးချယ်လေ့ရှိပါသည်။

Dream Anti-Aging
1.
၁။ ဆံပင်အနားစွန်းအပေါ်တွင် ၃ နေရာမှ ၅ နေရာအထိ ၁-၂ စင်တီမီတာခန့်စီ ခွဲစိတ်ခြင်း
Dream Anti-Aging
2.
၂။ ခွဲစိတ်ထားသည့် အရာများတွင် မှန်ပြောင်းသွင်း၍ အရေပြားအောက်ရှိ ပထမအလွှာနှင့် ဒုတိယအလွှာကို ခွာထုတ်ခြင်း
Dream Anti-Aging
3.
၃။ နဖူး၏ တွဲကျနေသောအပိုင်းကို အရိုးနှင့် တွဲဆက်မိအောင် အပေါ်သို့ ဆွဲကပ်ပေးခြင်း
Dream Anti-Aging
4.
၄။ မျက်လုံးအစွန်းတွဲကျမှုနှင့် မျက်ခုံးသာမက နဖူးမှ အရေးအကြောင်းများကိုပါသက်သာစေနိုင်ပါသည်။

မျက်ခုံးမြှင့်တင် ကုသမှုမှာ အောက်ပါပုဂ္ဂိုလ်များအတွက် အထူးသင့်လျော်ပါသည်-

အမြဲတစေ စိုးရိမ်ကြောင့်ကြသည့်ပုံစံပေါ်နေခြင်းအား ပြုပြင်လိုသူများ

မျက်ခုံးနှင့် မျက်လုံးအကြား နေရာလွတ် ကျဉ်းမြောင်းသူများ သို့မဟုတ် မျက်လုံးမို့မောက်သူများ

မျက်ခုံး ဘယ်ညာမညီညာခြင်း သို့မဟုတ် မျက်ခုံးနိမ့်ပြီး တွဲကျနေသူများ

၁။ လူကြီးမင်းနဲ့ လူကြီးမင်းရဲ့ မိသားစုဝင်တစ်ယောက်ယောက် နေထိုင်မကောင်းလျှင်သော်လည်းကောင်း
၂။ လွန်ခဲ့သည့် (၁၄)ရက်အတွင်းက ခရီးသွားခဲ့လျှင်သော် လည်းကောင်း
အားလုံးရဲ့ ကျန်းမာရေးနဲ့လုံခြုံရေးအတွက် ကြိုတင် booking လုပ်ထားမှုကို ပယ်ဖျက်ပြီး မိမိအိမ်မှာပဲ အနားယူနေဖို့ အကြံပေးချင်ပါတယ်။
ဒါ့အပြင် ဆေးခန်းသို့ရောက်လျှင်ရောက်ချင်း ကိုယ်အပူချိန်တိုင်းတာခြင်း ပြုလုပ်မှာဖြစ်ပြီး ကိုယ်အပူချိန် ကိုယ်အပူချိန် ပုံမှန်ထက်ကျော်လွန်နေပါက ကုသမှု ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်အပူချိန်ပုံမှန်ပြန်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာမှ ပြန်လည်ပြသရန် မေတ္တာရပ်ခံပါတယ်။
ကျွန်ုပ်တို့ရဲ့ ဦးစားပေးပထမဆင့်က customer လူကြီးမင်းများ နဲ့ ဝန်ထမ်းများရဲ့ လုံခြုံမှုနဲ့ ကျန်းမာရေးဖြစ်တာမို့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းအပ်ပါတယ်။

 

လေးစားစွာဖြင့်
Dream Aesthetic & Medispa မိသားစု

COVID-19 အသိပေးကြေညာလွှာ