Make An Appointment
Image Alt

မျက်လုံး ခွဲစိတ်ကုသမှု

  /  မျက်လုံး ခွဲစိတ်ကုသမှု
Double eyelid surgery Yangon

မျက်ရစ်ဖော် ခွဲစိတ်ကုသမှု

အာရှတိုက်သားအများစုတွင် မျက်ရစ်မပါတတ်ကြပေ။ မျက်ရစ်မပါလျှင် မျက်ပေါက်ကျဉ်းပြီး ပင်ပန်းနွမ်းနယ်ပုံ ပေါက်စေသော်ငြား မျက်ရစ်ပါလျှင် မျက်လုံးပိုမိုဝိုင်းဝန်းတောက်ပကာ လန်းဆန်းသည့်ပုံ ပေါက်သောကြောင့် မျက်ရစ်ပါခြင်းက ဆွဲဆောင်မှုပိုရှိသည်ဟု ယူဆကြပါသည်။

များသောအားဖြင့် ကျွန်ုပ်တို့သည် ပိုမိုလန်းဆန်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည့်ပုံ ဖြစ်ချင်ကြပါသည်။ မျက်လုံးအမြင် တင့်တယ်လိုသူများသည် ဆေးပညာအားဖြင့် Blepharoplasty ခွဲစိတ်ကုသမှုဟု လူသိများသော မျက်ရစ်နှစ်ထပ် ခွဲစိတ်ကုသမှုအား ရွေးချယ်ကြသူများပါသည်။

မျက်ရစ်နှစ်ထပ် ခွဲစိတ်ကုသမှုတွင် ဖြတ်တောက်သည့်နည်းလမ်း သို့မဟုတ် တွဲချုပ်သည့်နည်းလမ်းအား အသုံးများပါသည်။

တွဲချုပ်သည့် နည်းလမ်းက ပို၍ သဘာဝကျသောသွင်ပြင်ကို ဖန်တီးပေးပြီး စောင့်ဆိုင်းချိန် ပိုနည်းသည့်အတွက် လူနာအများစု အကြိုက်ဆုံးသော ရွေးချယ်မှုဖြစ်ပါသည်။ ဤနည်းသည် မျက်ခွံရှိ အပေါက်ငယ်လေးပေါက်ကို ဆက်တိုက်ချုပ်ရိုးဖြင့် ဖြတ်သန်း ရစ်သီလိုက်ကာ အရေပြားအလိပ်ကို အောက်ဘက်ရှိ အတွင်းပိုင်းတစ်ရှူးနှင့် ချိတ်ဆက်ခြင်းဖြင့် လိုချင်သော မျက်ရစ်နှစ်ထပ်ပုံအား ရရှိစေပါသည်။

Eye Surgery Yangon

မျက်ရစ်နှစ်ထပ်ဖော်သည့် နောက်တစ်နည်းမှာ ဖြတ်တောက်နည်း ဖြစ်သည်။ ဤကုသမှုက တစ်သက်လုံး မျက်ရစ်နှစ်ထပ်လိုချင်သူတို့အတွက် သင့်လျော်ပါသည်။ အထူးသဖြင့် လူကြီးမင်းတွင် မို့မောက်ကာ တွဲကျနေသော မျက်ခွံရှိပါက ဤနည်းလမ်းက ပြင်ပအရေပြား၊ ကြွက်သားများနှင့်အတူ အဆီပိုများကို တိကျစွာ ခွဲစိတ်ဖယ်ရှာခြင်းအားဖြင့် ပြီးပြည့်စုံသော မျက်ရစ်နှစ်ထပ်ကို ပေးနိုင်ပါသည်။

Eye Surgery Yangon
01
Before Surgery
Eye Surgery Yangon
02
Incision along the double eyelid line. Excision of excessive skin, eyelid muscle, and fat. Rearranging loose diaphragm and levator palpebrae superiods muscle
Eye Surgery Yangon
03
Fixation to natural double eyelid line
Eye Surgery Yangon
04
After surgery • delicate suture to ensure invisible scars

လူတိုင်းတွင် လိုအပ်ချက်ချင်း မတူညီကြသလို နည်းလမ်းများတွင်လည်း အားနည်းချက်၊ အားသာချက်များ ရှိသည့်အတွက် လူကြီးမင်းနှစ်သက်သော အသွင်အပြင်မျိုး ရရှိအောင် Dream ၏ ပလတ်စတစ်ဆာဂျင်နှင့် တိုင်ပင်ဆွေးနွေးခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

မျက်ရစ်နှစ်ထပ် ခွဲစိတ်ကုသမှုနှင့် သင့်တော်သူများမှာ-

မျက်ရစ်မပါသူများ

မျက်ရစ်မညီညာသူများ

မျက်လုံးတစ်ဖက်တွင် မျက်ရစ်ပါပြီး အခြားတစ်ဖက်တွင် မပါသူများ

မျက်ရစ်အရေးကြောင်း မထင်ရှားသူများ

မျက်ရစ်အရေးကြောင်း များစွာပါရှိသူများ

ကိုရီးယား မျက်ဝန်းချဲ့ ကုသမှု

နာမည်ကြီး K-pop စတားများတွင် ဝိုင်းစက်လှပသည့် မျက်လုံးများ ဘာကြောင့်ရှိသလဲဆိုသည့် လျှို့ဝှက်ချက်ကို သိပါသလား။ ထိုလျှို့ဝှက်ချက်ဖြစ်သည့် “မျက်ဝန်းချဲ့ကုသမှုသည်” ကိုရီးယားနိုင်ငံမှာရော ပြည်ပမှာပါ အလွန်ကျော်ကြားပြီး လူတိုင်း အလိုရှိကြသည့် မျက်ဝန်းပိုကျယ်သည့်ပုံစံအား ရရှိစေပါသည်။

ဤခွဲစိတ်ကုသမှုတွင် အပိုင်းနှစ်ပိုင်းပါဝင်ပြီး လူကြီးမင်း၏ လိုအပ်ချက်နှင့် လိုချင်သောပုံစံပေါ် မူတည်ကာ တစ်ခုတည်းဖြစ်စေ၊ နှစ်ခုလုံးဖြစ်စေ ရွေးချယ်နိုင်ပါသည်။ ကုသမှု နှစ်ပိုင်းစလုံးတွင် မျက်လုံး၏ အပြင်ဘက်နှင့် အတွင်းဘက်ထောင့်စွန်းများကို ဖြတ်တောက်မှု ပါဝင်ပါသည်။

အပေါ်ဘက် မျက်ဝန်းချဲ့ ကုသမှုတွင် ခွဲစိတ်ဆရာဝန်က မျက်စိ၏ အတွင်းဘက်ထောင့်ကို ပုံဖော်ပါသည်။ ဤနည်းလမ်းအား တစ်ခါတစ်ရံတွင် ‘မှော်ဆန်သော မျက်ဝန်းချဲ့ ကုသမှု’ ဟုလည်း ခေါ်ဆိုပါသည်။

ဘေးဘက် မျက်ဝန်းချဲ့ကုသမှုတွင်တော့ မျက်စိ အပြင်ဘက်စွန်းကို ပစ်မှတ်ထားသည့်အတွက် လူကြီးမင်း၏ မျက်လုံးများအား ရှည်လျားသွားစေပါသည်။

Eye Surgery Yangon
Epicanthoplasty
Epicanthoplasty corrects wide set eyes and adjusts the size and shape of eyes by correcting epicanthus folds in the inner comer of eyes.
Eye Surgery Yangon
Lateral Canthoplasty
By correcting or removing mucosa and tissue in the outer comer of eyes with inward suture, Lateral canthoplasty adjusts the size and shape of eyes with no visible scars

Another way to create a double eyelid is via cutting. This procedure is suitable for those who prefer to have a permanent double eyelids. Especially if you have heavy or puffy eyelids, this method allows to removes the excess fats (along with extraneous skin and muscle) through precise incisions to form that perfect double eyelid.

အောက်ပါပုဂ္ဂိုလ်များအတွက် အထူးသင့်လျော်ပါသည်

Eye Surgery Yangon
Fully Closed
Eye Surgery Yangon
Anterior Wrinkle
Eye Surgery Yangon
Posterior Wrinkle
Eye Surgery Yangon
Vertical Wrinkle
Eye Surgery Yangon
Beak
Eye Surgery Yangon
Round

မျက်ခွံ တွဲကျခြင်း

အိပ်ချင်နေသောပုံ၊ ဝမ်းနည်းနေသောပုံ ပေါက်နေသည်ဆိုသော မှတ်ချက်များကို မိမိ အားတက်ရွှင်လန်းနေချိန်မှာပင် မကြာခဏ ကြုံတွေ့နေရသူများ ရှိပါသည်။ ဤသည်မှာ မျက်ခွံ တွဲကျခြင်းကြောင့် ဖြစ်နိုင်ပါသည်။ မျက်ခွံတွဲကျခြင်းသည် မွေးကတည်းက ပါလာခြင်း (မွေးရာပါ မျက်ခွံတွဲကျခြင်း) ဖြစ်နိုင်သလို အိုမင်းရင့်ရော်မှု၊ ထိခိုက်ဒဏ်ရာ သို့မဟုတ် အခြား ပြုပြင်ခွဲစိတ်မှုများ၏ အကျိုးဆက်ကြောင့်လည်း ဖြစ်နိုင်ပါသည်။ မျက်ခွံတွဲကျသည့် အတိုင်းအတာပေါ် မူတည်ပြီး အမြင်အာရုံ အခက်အခဲများ ကြုံရနိုင်ပါသည်။ မျက်ခွံတွဲကျခြင်းအတွက် အကောင်းဆုံးကုသမှုမှာ ခွဲစိတ်မှုဖြစ်ပြီး ဖြစ်ရသည့် အကြောင်းအရင်းမှာ မျက်စိကြွက်သားကို တင်းရင်းကာ မျက်ခွံများအား ဆွဲတင်ပြီး အမြင်အာရုံနှင့် အသွင်အပြင်အား ပိုမိုလှပစေသောကြောင့် ဖြစ်ပါသည်။

Eye Surgery Yangon
Severe Ptosis
Eye Surgery Yangon
Moderate Ptosis
Eye Surgery Yangon
Mild Ptosis

မျက်ခွံတွဲကျခြင်းအတွက် ခွဲစိတ်ကုသမှု ခံယူရန် သင့်တော်သူများမှာ-

မျက်ခွံက မျက်နက်ဝန်း၏ ၃ ပုံ ၁ ပုံကို ဖုံးနေခြင်း

မျက်ခွံလေးပြီး ပင်ပန်းသည့်ပုံ ဖြစ်နေခြင်း

မျက်စိဖွင့်ရခက်ခဲပြီး မျက်စိဖွင့်ရန် မျက်ခုံးကို အသုံးပြုရခြင်း

မျက်စိဖွင့်ထားရန် မျက်ခုံးကို အသုံးပြုရခြင်းကြောင့် နဖူးတွင် အရေးအကြောင်းများ ပေါ်နေခြင်း

မျက်လုံးအောက်ရှိ အဆီအိတ်ဖယ်ရှားခြင်း

တစ်ခါတစ်ရံ မည်မျှ အိပ်စက်အနားယူသည်ဖြစ်စေ မျက်ကွင်းညိုခြင်းနှင့် မျက်ရည်အိတ် ဖောင်းကားခြင်းများက ပျောက်မသွားတတ်ချေ။ မျက်စိ ခရင်မ်နှင့် Concealer များက အတော်အတန် အားထားရသော်လည်း အများစုအတွက်တော့ ဤပြဿနာက ဖြေရှင်း၍မရသော ပြဿနာ ဖြစ်နေတတ်ပါသည်။

ထိုမျက်လုံး မို့မောက်နေမှုများအား ဖယ်ရှားရန် နည်းတစ်နည်းမှာ မျက်လုံး အဆီပို ဖယ်ရှားသည့် ခွဲစိတ်ကုသမှု ဖြစ်ပါသည်။ ဤကုသမှုတွင် အဆီပိုများကို ဖယ်ရှားခြင်း၊ ပြန်လည်နေရာချခြင်း ပြုလုပ်ရန် ခွဲစိတ်ဆရာဝန်က အောက်မျက်ခွံအတွင်း သေးငယ်သော ခွဲစိတ်မှု ပြုလုပ်ခြင်းအားဖြင့် မျက်ကွင်းညိုခြင်းအား ဖယ်ရှားပြီး ပိုမိုနုပျိုသောပုံစံ ပြန်ရလာစေပါသည်။

Eye Surgery Yangon
Bulging Type
When lacrimal groove is formed under the bulging eye bag, which looks like a half moon
Eye Surgery Yangon
Sunken Type
When eyes look sunken due to lack of fat
Eye Surgery Yangon
Transparent Type
When redness and blood vessels are transparent due to lack of fat or thin skin

ဤကုသမှုနှင့် သင့်တော်သူများမှာ-

မျက်လုံးအိတ် မို့မောက်သူများ

အမြဲ မောပန်းနေသယောင် ထင်ရစေသည့် မျက်ကွင်းညိုရှိသူများ

မိတ်ကပ်ဖြင့် ဖျက်မရသည့် မျက်ကွင်းညိုများ ရှိသူများ

မျက်တွင်းနက်များကြောင့် နွမ်းနယ်သည့်ဟန် ပေါ်နေသည့်လူများ

သွေးကြောများ မြင်ရလောက်သည့် ပါးလွှာသော အရေပြားကြောင့် နေမကောင်းပုံ ပေါက်နေသူများ

၁။ လူကြီးမင်းနဲ့ လူကြီးမင်းရဲ့ မိသားစုဝင်တစ်ယောက်ယောက် နေထိုင်မကောင်းလျှင်သော်လည်းကောင်း
၂။ လွန်ခဲ့သည့် (၁၄)ရက်အတွင်းက ခရီးသွားခဲ့လျှင်သော် လည်းကောင်း
အားလုံးရဲ့ ကျန်းမာရေးနဲ့လုံခြုံရေးအတွက် ကြိုတင် booking လုပ်ထားမှုကို ပယ်ဖျက်ပြီး မိမိအိမ်မှာပဲ အနားယူနေဖို့ အကြံပေးချင်ပါတယ်။
ဒါ့အပြင် ဆေးခန်းသို့ရောက်လျှင်ရောက်ချင်း ကိုယ်အပူချိန်တိုင်းတာခြင်း ပြုလုပ်မှာဖြစ်ပြီး ကိုယ်အပူချိန် ကိုယ်အပူချိန် ပုံမှန်ထက်ကျော်လွန်နေပါက ကုသမှု ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်အပူချိန်ပုံမှန်ပြန်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာမှ ပြန်လည်ပြသရန် မေတ္တာရပ်ခံပါတယ်။
ကျွန်ုပ်တို့ရဲ့ ဦးစားပေးပထမဆင့်က customer လူကြီးမင်းများ နဲ့ ဝန်ထမ်းများရဲ့ လုံခြုံမှုနဲ့ ကျန်းမာရေးဖြစ်တာမို့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းအပ်ပါတယ်။

 

လေးစားစွာဖြင့်
Dream Aesthetic & Medispa မိသားစု

COVID-19 အသိပေးကြေညာလွှာ