အရေးအကြောင်းများအား ကာကွယ်ခြင်းနှင့် မျက်နှာပုံဖော်ခြင်း
Dream Botox သည် ဘော်ကျူလီနင်အဆိပ်အား အခြေခံသည့် ဆေးဝါးဖြစ်ပြီး မျက်နှာကြွက်သားများအား အပိုင်းလိုက် ကျုံ့စေခြင်းအားဖြင့် ပါးရေတွန့်ခြင်းကို ကာကွယ်ပေးပါသည်။
Dream filler
Dream filler ကုသမှုမှာ လူကြီးမင်း၏ မျက်နှာပုံစံအား သဘာဝဆန်ဆန် ဘက်ညီလှပကာ ပြည့်ဖောင်းစေပါသည်။ လျင်မြန်ပြီး ရိုးရှင်းသော ကုထုံးဖြစ်ကာ အရေးအကြောင်းများကို သက်သာစေပြီး ချိုင့်ဝင်နေသော အရေပြားအား ဖြည့်တင်းပေးပါသည်။ နှာတံ၊ နှုတ်ခမ်း၊ မျက်ကွင်းနေရာ၊ နှုတ်ခမ်းအထက် ချိုင့်သောနေရာ၊ မေးဖျားနှင့် နှာဖူးတို့တွင် ကုသမှုအဖြစ် အသုံးပြုနိုင်ပါသည်။ ကုသမှုရလဒ်သည် ပုံမှန်အားဖြင့် ၆ လမှ ၁၂ လအထိ ခံပါသည်။
အိုမင်းရင့်ရော်မှု ကာကွယ်ခြင်းနှင့် အရေပြား တင်းရင်းစေခြင်း
WOOLSSAELA HIFU (မြှင့်တင်ပြီး တင်းရင်းစေခြင်း)
အားပြင်းပြီး တိကျသော အာလ်ထရာဆောင်းလှိုင်းများ (High Intensity Focused Ultrasound) အသုံးပြုကာ မျက်ခုံး၊ ပါး၊ မေးရိုးနှင့် မေးရိုးနှစ်ထပ်တို့ကို တင်းရင်းစေပြီး တစ်ချိန်တည်းတွင်လည်း မြှင့်တင်ပေးပါသည်။ ထိုစွမ်းအင်က အရေပြားအောက်တွင် သဘာဝတုံ့ပြန်မှု ပေါ်ပေါက်စေကာ ကော်လာဂျင် အရေပြားဆဲလ်သစ်များနှင့် အသားအရေ တင်းရင်းစေသည့် အီလတ်စတင် အမျှင်ဆဲလ်များ၏ ထုတ်လုပ်မှုကို စတင်နှိုးဆွလိုက်ပါသည်။
ULTHEMA RF & HIFU ခွဲစိတ်မှုမပါသော မျက်နှာပြုပြင်ခြင်း
မျက်နှာတစ်ပြင်လုံးအား ပြန်လည်နုပျိုစေပြီး အိုမင်းရင့်ရော်မှုအား ကာကွယ်သော ဤကုသမှုသည် RF နှင့် HIFU ကုသမှု နှစ်ခုစလုံးကို ပေါင်းစပ်ပြီး အရေပြားအား တင်းရင်းစေပါသည်။ ဤကုသမှုသည် ပါးရေတွန့်ခြင်းနှင့် အရေပြားလျော့ရဲသည့် ပြဿနာများကို ဖြေရှင်းပေးကာ ကော်လာဂျင်ဆဲလ်သစ်များကိုလည်း ထုတ်လုပ်နိုင်စေရန် အားသစ်လောင်းပေးပါသည်။ ဤကုသမှုကို မျက်နှာ၊ လည်ပင်းနှင့် အချို့သော ခန္ဓာကိုယ် အစိတ်အပိုင်းများတွင် အသုံးပြုနိုင်ပါသည်။

Dream အသားဖြူစေသော ကုသမှုအစီအစဉ်
Dream သည် ဖောက်သည်အားလုံးအတွက် တစ်ဦးချင်းစီ၏ လိုအပ်ချက်များနှင့် စိုးရိမ်မှုများအလိုက် ဆေးပညာစံချိန်မီ လေဆာကုသမှုအစီအစဉ်များကို ပြုလုပ်ပေးပါသည်။ အောက်တွင် ဖော်ပြထားသော ပြဿနာများကို သက်သာသွားစေရန် သို့မဟုတ် ပြုပြင်ထိန်းသိမ်းရန် ရည်ရွယ်ကာ ထုတ်လုပ်ထားသော လေဆာရောင်ခြည်ကုသမှုများ ကျွန်ုပ်တို့တွင် ရှိပါသည်။
အကောင်းဆုံး ရလဒ်များရရှိစေရန် လူတိုင်းအတွက် မတူညီသော ကုသမှုအစီအစဉ်တိုင်းတွင် လေဆာနည်းပညာ ၁ မျိုးမှ ၂ မျိုးအထိ ပါဝင်နိုင်ပါသည်။
Dream အသားဖြူစေသော ကုသမှုအစီအစဉ်နှင့် သင့်တော်သူများမှာ
၁။ သာမန် skincare ဖြင့် အသားမဖြူလာသူများ
၂။ အသားညိုမည်းခြင်အား လျော့ပါးစေလိုသူများ
၃။ အမည်းကွက်၊ အစက်အပျောက်နှင့် မှဲ့ခြောက်စသည့် ပြဿနာများကြောင့် စိုးရိမ်သောက ရောက်နေသူများ
၄။ ဝက်ခြံအမည်းစက်ကြောင့် စိုးရိမ်မကင်းဖြစ်နေရသူများ
၅။ အရေပြားမွဲခြောက်မှုကို ပြုပြင်လိုသူများ

Dream ဝက်ခြံနှင့် ချွေးပေါက်များ ကုသမှုအစီအစဉ်
-
Step 1
$
Identify the root cause by analyzing individual lifestyle and skin condition
-
Step 2
$
Customised treatment for individual
-
Step 3
$
Recurrence Preventive measure
-
Step 4
$
Scar Treatment