Make An Appointment
Image Alt

KKUM မျက်နှာအလှအပကုသမှု

  /  KKUM မျက်နှာအလှအပကုသမှု

ကိုရီးယား မျက်နှာအလှအပ နည်းစနစ်များအား အသုံးပြုထားသည့် ဤကုသမှုတွင် ကျွန်ုပ်တို့မူပိုင် ထုတ်ကုန်များက အထွေထွေ အရေပြား ကျန်းမာရေး ကောင်းမွန်စေရုံသာမက အရေးကြောင်းများ၊ အမည်းစက်များနှင့် ဝက်ခြံများ ပေါ်ထွက်ခြင်းစသည့် အရေပြား ပြဿနာအချို့ကိုလည်း ဖြေရှင်းပေးပါသည်။ ထို့အပြင် ရေဓာတ်ဖြည့်ပေးကာ မျက်နှာကို ချောမွေ့စေပြီး အရေပြား တင်းရင်းစေသည့်အတွက် ပိုမိုနုပျိုကာ တောက်ပစေပါသည်။

ထိုင်းမှိုင်းပြီး မညီညာသော အသားအရေအတွက် KKUM Signature

ရေဓာတ်ဖြည့်ကာ တောက်ပမှုကို ချက်ချင်း ပြန်လည်ရရှိစေသည်

အရေးကြောင်းများအား ဖယ်ရှားကာ ပါးရေတွန့်ခြင်းကိ လျော့ပါးစေသည်

စောင့်ဆိုင်းရချိန် မရှိပါ

dull-and-uneven-skin-tone

အမည်းစက်နှင့် အစက်အပျောက်များအတွက် KKUM Luxury

ရေဓာတ်ဖြည့်ပြီး တောက်ပမှုကို ချက်ချင်းပြန်လည်ရရှိစေခြင်း

အမည်းစက်များကို အဆင့်လိုက် အရောင်ဖျော့စေခြင်း

pigmentation-and-spots
wrinkle-and-anti-ageing-concerns

ပါးရေတွန့်ခြင်းနှင့် အိုမင်းရင့်ရော်မှုကို ကာကွယ်လိုသူများအတွက် KKUM Prestige

ပါးရေတွန့်ခြင်းနှင့် အရေးကြောင်းများကို ချက်ချင်း လျော့ပါးစေခြင်း

အရေပြားအရောင်ကို တောက်ပညီညာစေခြင်း

acne-troubled-skin

ဝက်ခြံများသော အရေပြားအတွက် KKUM Artistry

ဘက်တီးရီးယားပေါက်ပွားမှုအား လျှော့ချထိန်းချုပ်ခြင်း

ဝက်ခြံအမာရွတ်များအား အရောင်ဖျော့စေကာ ရေဓာတ်ဖြည့်ပေးခြင်း

KKUM Organic

မွေးညင်းပေါက်များအား အတွင်းထဲအထိ သန့်ရှင်းစေခြင်း

သန့်ရှင်းလတ်ဆတ်သော အသားအရေအတွက် ဆဲလ်ဟောင်းများအား ဖယ်ရှားပစ်ခြင်း

ကိုယ်ဝန်ဆောင်များအတွက် သင့်တော်ခြင်း

KKUM Medi-Facial Treatment

အရေးအကြောင်းများကို တားဆီးသည့် ရေဒီယိုလှိုင်းဖြင့် မျက်နှာအလှအပကုသမှု

အရေးအကြောင်းများနှင့် အရေပြားအရောင် မညီမျှခြင်းအား ပြုပြင်ပေးကာ ကော်လာဂျင်ဆဲလ်များအား လှုံ့ဆော်ခြင်းဖြင့် မျက်လုံး၊ မေးရိုးနှင့် လည်ပင်းတစ်ဝိုက်မှ မျက်နှာသွင်ပြင်သဏ္ဌာန်များအား ပိုမို ထင်းရင်းလာစေပါသည်။

KKUM Medi-Facial Treatment

KKUM၏ မျက်လုံးအရောင်တောက်စေသော ကုသမှု

ဤမျက်စိကုသမှုက သင့်မျက်လုံးတစ်ဝိုက်ရှိ အရေပြားအား ဂရုတစိုက် ကုသပေးပြီး ဆဲလ်များ၏ ပြန်လည်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပါသည်။ ပိုမိုနုပျိုသော မျက်လုံးများဖြစ်အောင် မျက်ကွင်းညိုခြင်းကို ဖျောက်ပေးခြင်း၊ အရေးကြောင်းများအား ပြည့်ဖြိုးစေခြင်း၊ ပါးရေတွန့်မှု လျော့ပါးခြင်းတို့ဖြင့် ကုသပေးရန် ဤကုသမှုအား တီထွင်ထားပါသည်။

ဤကုသမှုတွင် ထိခိုက်လွယ်သော အရေပြားနှင့်ပင် သင့်တော်သည့် သီးသန့်ရောစပ်ထားသော ဗီတာမင် C ဖြင့် ဓာတုချေးချွတ်မှုကို အသုံးပြုကာ အရေပြား ဆဲလ်သေများကို ညင်သာစွာ ဖယ်ရှာပေးပြီး မွေးညင်းပေါက်များမှ အကြွင်းအကျန်နှင့် အညစ်အကြေးများကို ရှင်းလင်းပေးပါသည်။ ထို့နောက်တွင် အားပြည့်စေသော Green Tea Stem Cell မျက်လုံး Mask ဖြင့် မျက်လုံးတစ်ဝိုက် ကုသပေးကာ Dream ၏ ကိုယ်ပိုင် ECLAT အရေပြား အားသစ်လောင်းစက်ကို အသုံးပြုကာ မျက်လုံးကုသရေး skin care များအား ထည့်သွင်းပေးပါသည်။ သွေးလှည့်ပတ်အား ကောင်းစေပြီး ဆေးစုပ်ယူမှုကို ပိုကောင်းစေသည့် ECLAT သည် လျှပ်စစ်ကုထုံးရော တုန်ခါမှုပါသုံးပြီး အရေပြားကို ညီညာတင်းရင်းစေပါသည်။

ကုသမှုလုပ်သည့်အခါတိုင်းတွင် မျက်လုံးနေရာက သိသိသာသာ တောက်ပနုပျိုသွားသည်ကိုတွေ့မြင်ရပါမည်။

KKUM Medi-Facial Treatment
V-Lift-HIFU-Facial-Treatment

Seong Yeong V-Lift HIFU မျက်နှာအလှအပ ကုသမှု (Premium မျက်နှာအလှအပကုသမှု)

ဤကုသမှုတွင် facial နှင့် HIFU ကို ပေါင်းစပ်ထားပါသည်။ မျက်နှာ အလယ်ပိုင်း၊ မေးရိုးတို့ကို မြှင့်တင်ပေးကာ တင်းရင်းညီညာစေပြီး မေးရိုးနှစ်ထပ်ဖြစ်ခြင်းကို ချက်ချင်း လျော့ချပေးပါသည်။

HIFU သည် တွယ်ဆက်တစ်ရှူးများကို ဦးတည်ကာ ကော်လာဂျင်ဆဲလ်သစ် ထုတ်လုပ်ရန် သင့်အရေပြား၏ သဘာဝလုပ်ငန်းစဉ်ကို လှုံ့ဆော်ပေးပါသည်။ ထိုသို့ ဆဲလ်များထုတ်လုပ်မှုကြောင့် ကုသထားသည့်နေရာသည် တဖြည်းဖြည်းချင်း မြှင့်တင်ပြီးသား ဖြစ်သွားကာ သဘာဝဆန်ဆန် ပြည့်ဖြိုးပြီး ညီညာသည့် မျက်နှာကို ရရှိစေပါသည်။ ဤကုသမှုမှာ အရေပြားလျော့တွဲခြင်း၊ အရေးအကြောင်းများနှင့် အိုမင်းရင့်ရော်မှု ပြဿနာများအား ကြုံနေရသူတို့အတွက် သင့်လျော်ပါသည်။ ပုံမှန်ဖြစ်စေ၊ အခြားမျက်နှာအလှအပ ကုသမှုများနှင့် တွဲစပ်၍ဖြစ်စေ ကုသမှုကို ခံယူနိုင်ပါသည်။

ကျွန်ုပ်တို့၏ ကုထုံးပညာရှင်များ

Dream မှ (ဆေးပညာသင်တန်းဆင်း) ကုထုံးပညာရှင်အားလုံးမှာ အတွေ့အကြုံရှိပြီး လူကြီးမင်း၏ အရေပြားပြဿနာများနှင့် သင့်တော်သော အရေပြား ကုသမှုနှင့် ခွဲစိတ်မှုမပါသော အလှအပရေးရာ ကုသမှုများအကြောင်း ပြည့်စုံစွာ သိရှိထားကြပါသည်။ ကျွန်ုပ်တို့၏ သီးသန့်ကုသမှု အစီအစဉ်တွင် ပါဝင်သည့် ကုထုံးပညာရှင်များက လူကြီးမင်း၏ လိုအပ်ချက်ပေါ် မူတည်ပြီး ပြဿနာများအား ကူညီဖြေရှင်းပေးပါသည်။

ကျွန်ုပ်တို့၏ ကတိကဝတ်

ကျွန်ုပ်တို့အဖွဲ့က ကုသမှုတိုင်းသည် ထိရောက်မှုရှိကြောင်း သေချာစေရန် စမ်းသပ်စစ်ဆေးပြီးဖြစ်ပါသည်။ ထိရောက်ကြောင်း သက်သေပြသနိုင်သော ကုသမှုများကိုသာ ကျွန်ုပ်တို့၏ ကုသမှု အစီအစဉ်စာရင်းထဲသို့ ထည့်ထားပါသည်။ လူတိုင်းအတွက် ထိရောက်ကာ အန္တရာယ်ကင်းစေရန်အတွက် ကုသမှုတိုင်းတွင် ဆေးပညာစံချိန်မီ ထုတ်ကုန်များနှင့် စက်များကို အသုံးပြုထားပါသည်။

လူသားအားလုံးတွင် မတူညီသော စိုးရိမ်မှုများ ရှိသည်ကို သဘောပေါက်ပါသည်။ သင့်ကျန်းမာရေး ရည်မှန်းချက်များ ရရှိအောင် ကုသသည့်နေရာတွင် ကျွန်ုပ်တို့၏ ဆရာဝန်များက သင်နှင့်အတူ ဝမ်းမြောက်စွာ ဆောင်ရွက်ပေးမှာ ဖြစ်ပါသည်။

၁။ လူကြီးမင်းနဲ့ လူကြီးမင်းရဲ့ မိသားစုဝင်တစ်ယောက်ယောက် နေထိုင်မကောင်းလျှင်သော်လည်းကောင်း
၂။ လွန်ခဲ့သည့် (၁၄)ရက်အတွင်းက ခရီးသွားခဲ့လျှင်သော် လည်းကောင်း
အားလုံးရဲ့ ကျန်းမာရေးနဲ့လုံခြုံရေးအတွက် ကြိုတင် booking လုပ်ထားမှုကို ပယ်ဖျက်ပြီး မိမိအိမ်မှာပဲ အနားယူနေဖို့ အကြံပေးချင်ပါတယ်။
ဒါ့အပြင် ဆေးခန်းသို့ရောက်လျှင်ရောက်ချင်း ကိုယ်အပူချိန်တိုင်းတာခြင်း ပြုလုပ်မှာဖြစ်ပြီး ကိုယ်အပူချိန် ကိုယ်အပူချိန် ပုံမှန်ထက်ကျော်လွန်နေပါက ကုသမှု ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်အပူချိန်ပုံမှန်ပြန်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာမှ ပြန်လည်ပြသရန် မေတ္တာရပ်ခံပါတယ်။
ကျွန်ုပ်တို့ရဲ့ ဦးစားပေးပထမဆင့်က customer လူကြီးမင်းများ နဲ့ ဝန်ထမ်းများရဲ့ လုံခြုံမှုနဲ့ ကျန်းမာရေးဖြစ်တာမို့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းအပ်ပါတယ်။

 

လေးစားစွာဖြင့်
Dream Aesthetic & Medispa မိသားစု

COVID-19 အသိပေးကြေညာလွှာ