Make An Appointment
Image Alt

KKUM ကျန်းမာရေးနှင့် ပြန်လည်အားဖြည့်ပေးသော ဆေးသွင်းကုသမှု

  /  KKUM ကျန်းမာရေးနှင့် ပြန်လည်အားဖြည့်ပေးသော ဆေးသွင်းကုသမှု
KKUM Wellness & Regenerative IV Drips

KKUM ကျန်းမာရေးနှင့် ပြန်လည်အားဖြည့်ပေးသော ဆေးသွင်းကုသမှုသည် မရှိမဖြစ်လိုအပ်သော ဗီတာမင်နှင့် အားဖြည့်ဆေးများကို သွေးကြောထဲသို့ တိုက်ရိုက်ထိုးသွင်းပေးခြင်းအားဖြင့် သင့်ကျန်းမာရေးနှင့် ပြန်လည်အားဖြည့်ပေးနိုင်စွမ်းကို ပိုကောင်းစေရန် ရည်ရွယ်ပါသည်။ ဤကုထုံးကြောင့် ပါးစပ်မှ အားဆေးသောက်ခြင်းနှင့် ဆက်စပ်နေတတ်သည့် အစာအိမ်နှင့် အူလမ်းကြောင်းပြဿနာများအား မခံစားရဘဲ အရေးပါသော ဗီတာမင်များစွာကို ခန္ဓာကိုယ်တွင်း ထည့်သွင်းရရှိနိုင်ပါသည်။

အကြောဆေးသွင်းသည့် နည်းစနစ်ကြောင့် ခန္ဓာကိုယ်သည် ပါးစပ်မှ အားဆေးသောက်ရသည့် သမားရိုးကျနည်းထက် ဗီတာမင်အာနိသင်များစွာကို စုပ်ယူအသုံးပြုနိုင်ပါသည်။ ထို့ကြောင့် ဤကုသမှုသည် ခန္ဓာကိုယ်၏ ပြန်လည်အားဖြည့်သော လုပ်ငန်းစဉ်ကို မြန်ဆန်စေပြီး ပိုမိုကောင်းမွန်သော ကျန်းမာရေး အကျိုးကျေးဇူးများကို အချိန်တိုအတွင်း ရရှိခံစားစေနိုင်ပါသည်။

ကုသမှုတစ်ကြိမ်လျှင် မတူညီသော ဗီတာမင်နှင့်အားဆေး အမျိုးအစား ၃ မျိုးပါဝင်ပြီး ပြဿနာ အမျိုးမျိုးအတွက် ဖော်မြူလာ အမျိုးမျိုးပါဝင်ပါသည်။ အကောင်းဆုံးရလဒ်အား ရရှိစေရန်အတွက် ကုသမှုများကို ပထမ ၄ ပတ်အတွင်း တစ်ပတ်တစ်ကြိမ် ပြုလုပ်သင့်ကာ ထိုနောက်ပိုင်းတွင် တစ်လတစ်ကြိမ် ထိန်းသိမ်းကုသသွားသင့်ပါသည်။

အရေပြား လုံးဝပြန်လည်နုပျိုစေမည့် ဆေးသွင်းကုသမှု

ဖွံ့ဖြိုးမှုဓာတ်ပစ္စည်း (Active Growth Factors) တစ်ကြိမ် ထိုးလိုက်ခြင်းအားဖြင့် ဆဲလ်များအား ပြုပြင်ခြင်း၊ အားသစ်လောင်းခြင်း၊ ထုတ်လုပ်ခြင်းနှင့် ကာကွယ်ခြင်းတို့ ဖြစ်စေသည့် ဆဲလ်စက်ဝန်းကို လှုံ့ဆော်ပေးနိုင်ပါသည်။ ဤကုသမှုသည် ငယ်ရွယ်ကာ ကျန်းမာသည့် အသွင်ကို အမြဲတစေ ရရှိစေမည့် လျှို့ဝှက်ချက်ပင် ဖြစ်ပါသည်။

အရေပြား တောက်ပစေခြင်း

ကော်လာဂျင် ထုတ်လုပ်ခြင်း

အရေပြားကျုံ့ဆန့်မှုအား တိုးတက်စေခြင်း

ခန္ဓာကိုယ်၏ သဘာဝအနာကျက်နိုင်စွမ်းကို ပိုကောင်းစေခြင်း

အိုမင်းရင့်ရော်မှု ကာကွယ်ခြင်း

Cinderella အားဖြည့်ထိုးဆေး

ဟောလိဝုဒ်အကြိုက်ဖြစ်သည့် ဤအလှအပရေးရာ ကုသမှုတွင် အသားဖြူစေရုံသာမက ဆဲလ်များ၏ ပြုပြင်မှုနှင့် ပြန်လည်ထုတ်လုပ်မှုတို့ကို ပိုမြန်စေသော ဗီတာမင်နှင့် ဂလူတာသိုင်အုန်း (glutathione) တို့ ပါဝင်သည့်အတွက် သင့်အရေပြား၊ ဆံပင်နှင့် လက်သည်းခြေသည်းများကို ပြစ်မျိုးမှည့်မထင် လှပစေသည့်နေရာတွင် အထောက်အကူဖြစ်ပါသည်။

အသားဖြူခြင်း

ဝင်းလက်တောက်ပခြင်း

အစွမ်းထက်သော အင်တီအောက်ဆီးဒင့်

အိုမင်းရင့်ရော်မှု ကာကွယ်ခြင်း

အစက်အပျောက် လျော့ပါးစေသော Drip

အညိုအမည်းဆဲလ်များ အားနည်းကာ ငုပ်လျှိုးသွားအောင် ဖော်မြူလာပြုလုပ်ထားသည့် Tranexamic Acid နှင့် ဗီတာမင်များက အစက်အပျောက်များ မဲမသွားအောင် ကာကွယ်ပေးသည့်အပြင် ညိုမည်းစေသော မလနင်ဟော်မုန်းကို တားဆီးပြီး အချိန်ကြာလာသည်နှင့်အမျှ အရောင်ဖျော့သွားစေပါသည်။

အမဲစက်များနှင့် တင်းတိတ်များအား အရောင်ဖျော့သွားခြင်း

အသားဖြူစေခြင်း

ကိုယ်ခံအားကောင်းစေသော အားဖြည့်ထိုးဆေး

ကိုယ်ခံအားကောင်းဆေးတွင် ပါဝင်သည့် အစွမ်းထက် ဗီတာမင် C နှင့်တကွ အထူးထုတ်လုပ်ထားသည့် အာဟာရများက သင့်ကိုယ်ခံအားကို မြှင့်တင်စေကာ တုပ်ကွေးဖြစ်စေသော ဗိုင်းရပ်စ်များ၏ ရန်မှ ကာကွယ်ပေးပါသည်။

ကိုယ်ခံအားစနစ် ကောင်းမွန်ခြင်း

အအေးမိခြင်းနှင့် တုပ်ကွေးအား ကာကွယ်ခြင်း

စွမ်းအားမြှင့် အားဖြည့်ထိုးဆေး

ဗီတာမင် B ဓာတ်ပေါင်း ပါဝင်သော ဤဆေးဝါးကုထုံးက သင့်ခန္ဓာကိုယ်တွင် ကစီဓာတ်များမှ စွမ်းအင် ထုတ်လွှတ်ကာ ဇီဝဖြစ်ပျက်မှုအား တိုးမြှင့်ပေးခြင်းအားဖြင့် သင်လိုအပ်သော စွမ်းအင်မြင့်မားမှုကို ရရှိပါသည်။

နုံးချိမှု သက်သာစေခြင်း

ခံနိုင်ရည် ပိုရှိလာခြင်း

ဇီဝဖြစ်ပျက်မှု ပိုကောင်းပြီး ကိုယ်အလေးချိန် ထိန်းချုပ်ပေးခြင်း

Energy-Booster-Drip

အင်တီအောက်ဆီးဒင့် ထိုးဆေး

အသုံးများသော အင်တီအောက်ဆီးဒင့်ဟု လူသိများသည့် Thioctic Acid သည် အစွမ်းထက် အယောင်လျော့ဆေး ဖြစ်ပါသည်။ Thioctic acid သည် ခန္ဓာကိုယ်အား အကျိုးမပြုသည့် အဆိပ်အတောက် (Free radical) များရန်မှ ကာကွယ်ပေးရုံမက သင့်ခန္ဓာကိုယ် လုပ်ငန်းဆောင်တာများကို ပံ့ပိုးပြီး သင့်ကျန်းမာရေးကို အကောင်းဆုံးဖြစ်စေသည့် နေရာတွင်လည်း အထူးအရေးပါပါသည်။

အစွမ်းထက်သည့် ယောင်ရမ်းမှုအား လျော့နည်းစေခြင်း

အာနိသင်ကောင်းသည့် အင်တီအောက်ဆီးဒင့်

ဗီတာမင် C နှင့် E ပိုမိုထွက်ရှိရန် လှုံ့ဆော်ပေးခြင်း

အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကို တားဆီးခြင်း

KKUM Wellness & Regenerative IV Drips

ဇီဝဖြစ်ပျက်မှုဆိုင်ရာ အားဖြည့်ထိုးဆေး

ဤဇီဝဖြစ်ပျက်မှုဆိုင်ရာ အားဖြည့်ထိုးဆေးက အစားအသောက်မှ အဆီနှင့် သကြားများကို ချေဖျက်ပြီးနောက်တွင် အဆီအဖြစ် မသိုလှောင်ဘဲ စွမ်းအင်အဖြစ် အသုံးပြုနိုင်စွမ်းကို ပိုကောင်းစေပါသည်။ အားကစား အစီအစဉ်များ၊ အားကစား လှုပ်ရှားမှုများနှင့် လိုက်ဖက်သည့်အတွက် လေ့ကျင့်ခန်းလုပ်ရင်း ကယ်လိုရီချေဖျက်မှုကို ပိုမိုတိုးမြှင့်ပေးနိုင်ပါသည်။

အဆီနှင့် သကြား ဇီဝဖြစ်ပျက်မှုများ တိုးမြှင့်ခြင်း

အဆီပိုများ စုမလာအောင် ကာကွယ်ခြင်း

ကိုယ်အလေးချိန် ထိန်းချုပ်မှုကို ကူညီခြင်း

ကျွန်ုပ်တို့အဖွဲ့က ကုသမှုတိုင်းသည် ထိရောက်မှုရှိကြောင်း သေချာစေရန် စမ်းသပ်စစ်ဆေးပြီးဖြစ်ပါသည်။ ထိရောက်ကြောင်း သက်သေပြသနိုင်သော ကုသမှုများကိုသာ ကျွန်ုပ်တို့၏ ကုသမှု အစီအစဉ်စာရင်းထဲသို့ ထည့်ထားပါသည်။ လူတိုင်းအတွက် ထိရောက်ကာ အန္တရာယ်ကင်းစေရန်အတွက် ကုသမှုတိုင်းတွင် ဆေးပညာစံချိန်မီ ထုတ်ကုန်များနှင့် စက်များကို အသုံးပြုထားပါသည်။

KKUM Wellness & Regenerative IV Drips

၁။ လူကြီးမင်းနဲ့ လူကြီးမင်းရဲ့ မိသားစုဝင်တစ်ယောက်ယောက် နေထိုင်မကောင်းလျှင်သော်လည်းကောင်း
၂။ လွန်ခဲ့သည့် (၁၄)ရက်အတွင်းက ခရီးသွားခဲ့လျှင်သော် လည်းကောင်း
အားလုံးရဲ့ ကျန်းမာရေးနဲ့လုံခြုံရေးအတွက် ကြိုတင် booking လုပ်ထားမှုကို ပယ်ဖျက်ပြီး မိမိအိမ်မှာပဲ အနားယူနေဖို့ အကြံပေးချင်ပါတယ်။
ဒါ့အပြင် ဆေးခန်းသို့ရောက်လျှင်ရောက်ချင်း ကိုယ်အပူချိန်တိုင်းတာခြင်း ပြုလုပ်မှာဖြစ်ပြီး ကိုယ်အပူချိန် ကိုယ်အပူချိန် ပုံမှန်ထက်ကျော်လွန်နေပါက ကုသမှု ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်အပူချိန်ပုံမှန်ပြန်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာမှ ပြန်လည်ပြသရန် မေတ္တာရပ်ခံပါတယ်။
ကျွန်ုပ်တို့ရဲ့ ဦးစားပေးပထမဆင့်က customer လူကြီးမင်းများ နဲ့ ဝန်ထမ်းများရဲ့ လုံခြုံမှုနဲ့ ကျန်းမာရေးဖြစ်တာမို့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းအပ်ပါတယ်။

 

လေးစားစွာဖြင့်
Dream Aesthetic & Medispa မိသားစု

COVID-19 အသိပေးကြေညာလွှာ