Make An Appointment
Image Alt

ဆေးပညာအရ ခွဲစိတ်ကုသမှု

  /  ဆေးပညာအရ ခွဲစိတ်ကုသမှု

ပုံမှန်မဟုတ်သော ကြီးထွားမှုများ ခွဲစိတ်ဖယ်ရှားခြင်း(အဖုအကျိတ်များ/သွေးကြောထုံး)

အရေပြားပေါ်ရှိ ပုံမှန်မဟုတ်သော ကြီးထွားမှု၊ အဖုအကျိတ် သို့မဟုတ် အမှတ်ရာများက တစ်ခါတစ်ရံ လူတစ်ယောက်၏ ကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်လာနိုင်ပါသည်။ အချို့မှာ ကင်ဆာဖြစ်နိုင်သော်ငြား များသောအားဖြင့်တော့ အန္တရာယ်မရှိတတ်ပါ။

စိတ်အေးရစေရန်အတွက် အဆိုပါ အဖုအကျိတ်နှင့် ပုံပျက်မှုများကို ဖယ်ရှားခြင်းက အကောင်းဆုံးသော ပထမအဆင့် ဖြစ်ပါသည်။ ထိုနည်းဖြင့် အဖုအကြိတ်ကို ဓာတ်ခွဲခန်းမှ အဏုကြည့်မှန်ပြောင်းအောက်တွင် ထပ်ကာ စစ်ဆေးနိုင်သည့်အတွက် သို့လောသို့လော စိုးရိမ်သောက မဖြစ်ရဘဲ စိတ်ချလက်ချနေနိုင်ပါမည်။

ကင်ဆာဖြစ်စေ၊ ကင်ဆာမဟုတ်သည်ဖြစ်စေ ထိုအဖုအကျိတ်များနှင့် မူမမှန်သော ကြီးထွားမှုများကို ဖယ်ရှားရန် နည်းလမ်းများစွာရှိပြီး ခွဲစိတ်ကုဆရာဝန်က အရွယ်အစားနှင့် တည်နေရာပေါ် မူတည်ပြီး ကုသမှု တစ်ခုချင်းစီကို ဆွေးနွေးဆုံးဖြတ်ပါသည်။

အမာရွတ် ပြန်လည်ပုံပြင်ခြင်း

ထိခိုက်ဒဏ်ရာ၊ ယခင်ခွဲစိတ်ကုသမှု၊ ယခင်က အနာများ ကောင်းစွာအနာမကျက်မှုစသည့် အကြောင်းအရင်းမျိုးစုံကြောင့် အမာရွတ်များ ပေါ်နိုင်ပါသည်။ အမာရွတ် ချေဖျက်သော ခွဲစိတ်ကုသမှုက ထိုအမာရွတ်များကို ကြည့်ရမဆိုးအောင် ပြုလုပ်ပေးပြီး လုပ်ငန်းဆောင်တာ ပြန်လည်ဆောင်ရွက်နိုင်အောင် ပြုလုပ်ပေးပါသည်။

အမာရွတ် တည်နေရာနှင့် ကျန်ရစ်သည့် အမာရွတ်၏ အမျိုးအစားပေါ် မူတည်ပြီး ကုသမှုနည်းလမ်းအမျိုးမျိုး ရှိပါသည်။ ကုသမှုအတွက် အကောင်းဆုံး ရွေးချယ်နိုင်အောင် လူနာက ကျွန်ုပ်တို့၏ ပလတ်စတစ်ဆာဂျင်နှင့် အသေးစိတ် တိုင်ပင်ဆွေးနွေးရန် အကြံပြုပါသည်။ အကယ်၍ ထိုအမာရွတ်များသည် ယခင် ထိခိုက်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာ၊ ဆေးပညာအရ ခွဲစိတ်ကုသမှုတို့ကြောင့် ပေါ်ပေါက်ထားသော အမာရွတ်များဖြစ်ပါက အမာရွတ် ချေဖျက်မှုများကို ဆေးပညာအရလိုအပ်သော ကုသမှုများဟု သတ်မှတ်ပါသည်။

  • ၁။ အရေပြား ခြစ်ယူကုသမှု
    $

    သိသိသာသာ ပါးလွှာသော အမာရွတ်များက အရေပြား အပေါ်ယံလွှာတွင် ကျယ်ကျယ်ပြန့်ပြန့် ကပ်တွယ်နေသည့်အခါတွင် အရေပြား ခြစ်ယူမှုဖြင့် ကုသပါသည်။ ကုသမှု အမည်အတိုင်းပင် ဤနည်းလမ်းတွင် အရေပြား အပေါ်ယံလွှာ၏ အမာရွတ်တစ်ရှူးနှင့် အသွင်သဏ္ဌာန်ကို ခြစ်ယူပြီး ကျန်းမာချောမွေ့သော အရေပြားအသစ် ပြန်ဖြစ်ပေါ်လာစေပါသည်။. ပုံမှန်အားဖြင့် လေဆာကုသမှုကို ရွေးချယ်ကြသော်လည်း ဝက်ခြံ အမာရွတ်များအတွက်မူ အခြားနည်းစနစ်များ လိုအပ်ပါသည်။ လူကြီးမင်းအမာရွတ်အတွက် အရေပြား ခြစ်ယူကုသမှုက အကောင်းဆုံး နည်းလမ်းဟုတ်၊ မဟုတ် ဆုံးဖြတ်နိုင်အောင် ကျွန်ုပ်တို့၏ အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုလိုပါသည်။

  • ၂။ တစ်ရှူး ချဲ့ထွင်ခြင်း
    $

    ပြင်းထန်သော ဒဏ်ရာကြောင့် အရေပြား ထိခိုက်နိုင်ပါသည်။ အမာရွတ်နေရာ တစ်ပြင်လုံးတွင် အရေပြား တင်းသွားသည့်အတွက် အဆစ်များကို ကောင်းကောင်း မလှုပ်ရှားနိုင်ခြင်း ဖြစ်သွားနိုင်ပါသည်။ ပျက်စီးသွားသော အရေပြားကို အစားထိုးရန်အတွက် ကျန်းမာသော အရေပြားအပိုကို ဖွံ့ဖြိုးလာစေမည့် တစ်ရှူးချဲ့ထွင်ခြင်းဖြင့် ကုသနိုင်ပါသည်။ ချဲ့ထွင်သောကိရိယာကို အမာရွတ်အနီးမှ အရေပြားအောက်သို့ ထည့်သွင်းပါသည်။ အချိန်ကြာလာသောအခါ ချဲ့ထွင်သောအရာကို ၁ ပတ် ၂ ပတ်လျှင် တစ်ကြိမ် ဆားရည်ဖြင့် ဖြည့်ပေးခြင်းဖြင့် ထိုအနီးတဝိုက်မှ အရေပြားအား ဆွဲဆန့်ပြီး ဖွံ့ဖြိုးလာစေပါသည်။ အရေပြားအသစ်က လိုအပ်သော အရွယ်အစား ရောက်သည်နှင့် တစ်ရှူးချဲ့ထွင်သော ကရိယာကို ဖယ်ရှားလိုက်ပါသည်။

  • ၃။ အရေပြား အစားထိုးကုသမှု
    $

    အရေပြား အစားထိုးကုသမှုအား မီးလောင်ဒဏ်ရာ လူနာများအား ကုသရာတွင် မကြာခဏ အသုံးပြုလေ့ရှိပြီး ခန္ဓာကိုယ် တစ်နေရာမှ အရေပြားကို ဒဏ်ရာရရှိသည့် အခြားတစ်နေရာသို့ အစားထိုး ရွှေ့ပြောင်းပေးခြင်းအားဖြင့် ကုသပေးပါသည်။

မှဲ့ဖယ်ရှားခြင်း

နှစ်လိုဖွယ်မကောင်းဘဲ အလှပျက်စေသော မှဲ့မျိုး ရှိပါသလား။ အမြင်မတင့်တယ်သော၊ အကြည့်ရဆိုးသော မှဲ့မျိုး မွေးကတည်းက ရှိနေပါက အပြီးတိုင် ပယ်ရှားနိုင်ရန် စိတ်ချရပြီး ထိရောက်သော ကုထုံးများရှိနေသည့်အတွက် လူကြီးမင်း စိတ်အေးနိုင်ပါပြီ။ ဖောင်းနေခြင်း၊ ပြားနေခြင်းစသည့် မှဲ့အမျိုးအစားပေါ်မူတည်ကာ လေဆာရောင်ခြည် သို့မဟုတ် ခွဲစိတ်ကုသမှုဖြင့် ဖယ်ရှားနိုင်ပါသည်။ ခွဲစိတ်ကုသမှုတွင် ဖြတ်တောက်ခြင်းနှင့် ပြန်ချုပ်ခြင်း နှစ်မျိုးစလုံး ပါဝင်ပါသည်။ လူကြီးမင်း၏ မှဲ့(များ)အတွက် သင့်တော်သော နည်းလမ်း အသုံးပြုနိုင်အောင် ကျွန်ုပ်တို့၏ ခွဲစိတ်ကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးလိုက်ပါ။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသမှု

Dream အသားအစားထိုး ခွဲစိတ်ပြုပြင်မှုသည် အလှအပတင် မဟုတ်ဘဲ ပိုမိုကျန်းမာပျော်ရွှင်သော နေထိုင်မှုဘဝအား ရရှိစေဖြင့် ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှုများကိုလည်း ကုသပေးပါသည်။

အတွေ့အကြုံ နှစ်နှစ်ဆယ်ကျော် ရှိသည့် ကျွန်ုပ်တို့၏ ဘက်စုံတတ်ကျွမ်းသောအဖွဲ့သည် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ရောဂါကို ပေါင်းစည်းပြုစုစောင့်ရှောက်နည်းဖြင့် ကုသပါသည်။ သင့်တော်သော အကူအညီကို သင့်တော်သော အချိန်တွင်ရရှိအောင် ကုသမှုနှင့် ပြန်လည်ထူထောင်မှုတို့ကို ပေါင်းစည်းထားပါသည်။ ပလတ်စတစ်ဆာဂျင်နှင့် ဆွေးနွေးရက်ချိန်းရယူရန်အတွက် 09 451 188 883 ကိုခေါ်ဆိုပါ။ (သို့မဟုတ်) info@dream-aesthetics.com သို့ အီးမေးလ်ပို့ပါ။

ဦးခေါင်းနှင့် မျက်နှာ ထိခိုက်ဒဏ်ရာများ

လမ်းပေါ်မှ မတော်တဆမှုများ၊ အားကစားမှ မတော်တဆမှုများ၊ သို့မဟုတ် အလုပ်လုပ်ရင်းဖြစ်စေ၊ ကင်ဆာကျိတ်များ ဖယ်ရှားခြင်းမှ ရသော မတော်တဆများ စသည့် အကြောင်းရင်းများကြောင့် ဦးခေါင်း၊ မျက်နှာနှင့် လည်ပင်းတို့တွင် ထိခိုက်ဒဏ်ရာ ရရှိနိုင်ပါသည်။ အချို့လူနာများတွင် အမာရွတ်ကျန်ရှိပြီး အရုပ်ဆိုးသွားသလို အမာရွတ်များကြောင့် ပုံမှန်လုပ်ငန်းဆောင်တာလည်း မဆောင်ရွက်နိုင်တော့ပါ။ ထပ်ဆင့်ကုသမှုများတွင် ထိုမတော်တဆမှုများကြောင့် ထိခိုက်မှုများကို မျက်နှာ ပြန်လည်ဖွဲ့စည်းတည်ဆောက်သော ခွဲစိတ်ကုသမှုကဲ့သို့ ကုထုံးများဖြင့် ကုသခြင်းလည်း ပါဝင်ပါသည်။

ကျွန်ုပ်တို့၏ ခွဲစိတ်ကုဆရာဝန်မှာ အဆိုပါ ထိခိုက်ဒဏ်ရာများကို အကဲဖြတ်ကုသရာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူများဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လူနာများအတွက် ရိုးရှင်းသော အမာရွတ် ဖယ်ရှားမှုမှသည် ရှုပ်ထွေးသော ဒဏ်ရာ ပြန်လည်ကုသမှုအထိ နောက်ဆုံးပေါ် နည်းစနစ်နှင့် နည်းပညာများကို အားထားပြီး သဘာဝကျသော မျက်နှာပုံစံနှင့် ပုံမှန်အတိုင်း လုပ်ငန်းဆောင်တာ ဆောင်ရွက်နိုင်အောင် ကုသပေးနိုင်ပါသည်။

မီးလောင်ဒဏ်ရာများ

မီးလောင်ဒဏ်ရာများမှာ သာမန်အဆင့်မှ ပြင်းထန်အဆင့်ထိ ရှိနိုင်သော်လည်း ကျွန်ုပ်တို့ Dream ဆေးခန်းတွင် အသေးစိတ်ကျပြီး သင့်တော်သော ကုသမှုပေးနိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ ထိခိုက်သော အရေပြားအား နာကျင်မှု သက်သာရန်နှင့် အမာရွတ်ဖြစ်မှု လျှော့ချရန် ဦးစားပေးကာ ပြန်လည်ကောင်းမွန်ရေး အတွက် ကူညီပေးပြီး ပိုမိုပြင်းထန်သော မီးလောင်ဒဏ်ရာ ရရှိထားသူများအတွက် ဘဝနေထိုင်မှု အရည်အသွေးအား သိသိသာသာ ပိုကောင်းလာစေပါသည်။ ကုသမှုတွင် မီးလောင်ဒဏ်ရာ ဖယ်ရှားခြင်း၊ အရေပြား အစားထိုးခြင်းနှင့် အမာရွတ် ပြန်လည်ပြင်ခြင်း စသည့် နည်းစနစ်များ ပါဝင်ပါသည်။

၁။ လူကြီးမင်းနဲ့ လူကြီးမင်းရဲ့ မိသားစုဝင်တစ်ယောက်ယောက် နေထိုင်မကောင်းလျှင်သော်လည်းကောင်း
၂။ လွန်ခဲ့သည့် (၁၄)ရက်အတွင်းက ခရီးသွားခဲ့လျှင်သော် လည်းကောင်း
အားလုံးရဲ့ ကျန်းမာရေးနဲ့လုံခြုံရေးအတွက် ကြိုတင် booking လုပ်ထားမှုကို ပယ်ဖျက်ပြီး မိမိအိမ်မှာပဲ အနားယူနေဖို့ အကြံပေးချင်ပါတယ်။
ဒါ့အပြင် ဆေးခန်းသို့ရောက်လျှင်ရောက်ချင်း ကိုယ်အပူချိန်တိုင်းတာခြင်း ပြုလုပ်မှာဖြစ်ပြီး ကိုယ်အပူချိန် ကိုယ်အပူချိန် ပုံမှန်ထက်ကျော်လွန်နေပါက ကုသမှု ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်အပူချိန်ပုံမှန်ပြန်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာမှ ပြန်လည်ပြသရန် မေတ္တာရပ်ခံပါတယ်။
ကျွန်ုပ်တို့ရဲ့ ဦးစားပေးပထမဆင့်က customer လူကြီးမင်းများ နဲ့ ဝန်ထမ်းများရဲ့ လုံခြုံမှုနဲ့ ကျန်းမာရေးဖြစ်တာမို့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းအပ်ပါတယ်။

 

လေးစားစွာဖြင့်
Dream Aesthetic & Medispa မိသားစု

COVID-19 အသိပေးကြေညာလွှာ