Make An Appointment
Image Alt

နှာခေါင်း ခွဲစိတ်ကုသမှု

  /  နှာခေါင်း ခွဲစိတ်ကုသမှု
Nose Surgery Yangon

နှာခေါင်း ခွဲစိတ်ကုသမှု

အချို့က အလှအပအတွက် ပြုလုပ်သလို အချို့က ဆေးပညာဆိုင်ရာ အကြောင်းအရင်းများကြောင့် ပြုလုပ်ပါသည်။ နှာခေါင်း ခွဲစိတ်ကုသမှုသည် နှာခေါင်းပုံသဏ္ဌာန် ပြောင်းလဲရန် သို့မဟုတ် နှာခေါင်း၏ လုပ်ဆောင်ချက် ပိုကောင်းစေရန် ကူညီပေးသည့် ခွဲစိတ်ကုသမှု ဖြစ်သည်။

လူအချို့က သူတို့နှစ်သက်သော နာမည်ကြီး ပုဂ္ဂိုလ်များကဲ့သို့ သီးသန့်နှာခေါင်းပုံသဏ္ဌာန်ကို တောင်းဆိုကြသည်။ သို့ရာတွင် ကောင်းမွန်သော နှာခေါင်းခွဲစိတ်ကုသမှုတွင် လူကြီးမင်း၏ ပုံပြောင်းသွားသော နှာခေါင်းက အခြားသော မျက်နှာကြန်အင် လက္ခဏာရပ်များနှင့် လိုက်ဖက်ညီမညီ ထည့်သွင်းစဉ်းစားရပါသည်။ လူကြီးမင်း၏ နှာခေါင်းပုံစံ ပိုကောင်းစေရုံမက လိုချင်သည့်ရလဒ်က သဘာဝကျပြီး ဘေးဘက်အနေအထားနှင့် ရှေ့တိုက်အနေအထားမှ မျက်နှာတစ်ခုလုံးအသွင်အပြင်နှင့်ပါ မျှတလိုက်ဖက်သင့်ပါသည်။

Flat Nose Rhinoplasty (Nose Augmentation) Surgical Method

Nose Surgery Yangon - Rhinoplasty
Before Surgery
Nose Surgery Yangon
Insertion of implant, autogenous cartilage, or dermis
Nose Surgery Yangon - Rhinoplasty
After Surgery

Rhinoplasty Incision Method

Nose Surgery Yangon

Closed Rhinoplasty

Incision only Inside a nostril

No visible scar

Minimum Incision with less bleeding and fast recovery

Nose Surgery Yangon

Open Rhinoplasty

Incision inside nostrils and along columella

Easier to check internal structure of the nose with more precise examination

Scar lasts at least 3 months after surgery

နှာခေါင်းခွဲစိတ်ကုသမှုနှင့် သင့်တော်သူများ

ယေဘုယျအားဖြင့် နှာခေါင်းရိုးတိမ်ပြီး ပြားသူများ

နှာခေါင်းရိုး တိမ်သူများတွင် မျက်လုံးတစ်ခုနှင့်တစ်ခုအကြား အကွာအဝေး ထင်ရှားလွန်းသူများ

နှာခေါင်းရိုး တိမ်သောကြောင့် ပါးစပ်ချွန်ထွက်ပုံပေါက်သူများ

မျက်နှာသွင်ပြင်လက္ခဏာ မပြည့်ဖြိုးသူများ

နှာခေါင်းချုံ့ ခွဲစိတ်ကုသမှု

နှာခေါင်းအဝန်းအဝိုင်း ချုံ့ပေးခြင်း

အချို့လူများ၌ မျက်နှာမှ အခြားအစိတ်အပိုင်းများနှင့် အချိုးအစား မတူညီသည့် နှာခေါင်းအဝန်းအဝိုင်း ကျယ်နေခြင်းမျိုး ရှိကြပါသည်။ နှာခေါင်းအဝန်းအဝိုင်းက နှာတံနှင့် မညီမျှအောင် ဘေးသို့ ကျယ်ပြန့်နေသောအခါမျိုးတွင် နှာခေါင်းက ချွန်ထက်ကြမ်းထော်နေသည့်ပုံ ပေါက်သည့်အတွက် မျက်နှာလှသည့်တိုင်အောင် စတိုင်လ်မကျသော ဟန်ပန်မျိုး ဖြစ်နေတတ်သည်။ နှာခေါင်းအဝန်းအဝိုင်း ချုံ့ခြင်းကကျယ်နေသည်ကို ကျဉ်းပေးပြီး နှာခေါင်းပုံသဏ္ဌာန်ကို သေသပ်တင့်တယ်စေပါသည်။

နှာခေါင်းအဝန်းအဝိုင်းကို ချုံ့လိုသောအခါ လူကြီးမင်း၏ နှာခေါင်းပုံသဏ္ဌာန်ကို လွှမ်းခြုံဆန်းစစ်ရန် ပလတ်စတစ်ဆာဂျင်နှင့် သေချာစွာစစ်ဆေးပါ။ သို့မှသာ လူကြီးမင်းပုံပြောင်းထားသော နှာခေါင်းနှင့် နှာခေါင်းပေါက်များ အချိုးအစားညီညာမည့်အကြောင်း အာမခံနိုင်မှာဖြစ်ပါသည်။

နှာခေါင်းအဝန်းအဝိုင်းချုံ့ခြင်းသည် အောက်ပါပုဂ္ဂိုလ်တို့အတွက် အထူးသင့်လျော်ပါသည်-

နှာခေါင်းအောက်ခြေကျယ်ပြန့်ကာ နှာခေါင်းပြားဟန် ပေါ်သူများ

နှာခေါင်းအဝန်းအဝိုင်း တွဲကျခြင်းကြောင့် နှာခေါင်းက မြားပုံစံဖြစ်နေသူများ

ကြီးမားလွန်းသော သို့မဟုတ် ဘက်မညီသော နှာခေါင်းရှိသူများ

နှာတံမြင့်မားသော်လည်း နှာခေါင်းထိပ်ပြားသူများ

Nose Surgery Yangon

နှာခေါင်းပွခြင်းအတွက် ခွဲစိတ်ကုသမှု

နှာခေါင်းပွလွန်းသောကြောင့် မျက်နှာတစ်ခုလုံး ရုပ်ဆိုးသည်ဟုထင်မြင်ယူဆနေပါက ခွဲစိတ်ကုသမှုဖြင့် ပွနေသော နှာခေါင်းအား ပြန်လည်ပုံဖော်ရန် ရွေးချယ်နိုင်ပါသည်။ ဤကုသမှုတွင် နှာခေါင်းပွသောနေရာမှ အဆီကို ဖယ်ရှားကာ အရိုးနု ဘေးအစွန်း ရှည်လျားနေခြင်းအား ပြန်လည်ပြုပြင်ခြင်းအားဖြင့် တင့်တယ်လှပသော နှာခေါင်းပုံစံ ရရှိလာပါသည်။

နှာခေါင်းအကျယ်နှင့် အရေပြားအထူအပါးသည် တစ်ယောက်နှင့်တစ်ယောက် မတူညီသောကြောင့် တစ်ဦးချင်းအတွက် အကောင်းဆုံးရလဒ် ပေါ်ထွက်လာအောင် လူနာတစ်ဦးချင်းစီကို ဂရုစိုက် လေ့လာဆန်းစစ်ပြီး ကုသပေးရန်လိုအပ်ခြင်းကြောင့် ပလတ်စတစ်ဆာဂျင်နှင့် တွေ့ဆုံဆွေးနွေးရန် အကြံပြုအပ်ပါသည်။

Nose Surgery Yangon

ဤကုသမှုကို ခံယူရန် အထူးသင့်လျော်သူများမှာ-

နှာခေါင်းပြားပြီး နှာခေါင်းအလွန်ပွသူများ

နှာတံထိပ် နိမ့်ပြီးပြားသူများ

နှာခေါင်းပေါက် ထူပြီး အဆီရှိသူများ

သို့မဟုတ် ပိုမိုညီညာ စတိုင်လ်ကျသော နှာခေါင်းမျိုးရရှိလိုသူများ

၁။ လူကြီးမင်းနဲ့ လူကြီးမင်းရဲ့ မိသားစုဝင်တစ်ယောက်ယောက် နေထိုင်မကောင်းလျှင်သော်လည်းကောင်း
၂။ လွန်ခဲ့သည့် (၁၄)ရက်အတွင်းက ခရီးသွားခဲ့လျှင်သော် လည်းကောင်း
အားလုံးရဲ့ ကျန်းမာရေးနဲ့လုံခြုံရေးအတွက် ကြိုတင် booking လုပ်ထားမှုကို ပယ်ဖျက်ပြီး မိမိအိမ်မှာပဲ အနားယူနေဖို့ အကြံပေးချင်ပါတယ်။
ဒါ့အပြင် ဆေးခန်းသို့ရောက်လျှင်ရောက်ချင်း ကိုယ်အပူချိန်တိုင်းတာခြင်း ပြုလုပ်မှာဖြစ်ပြီး ကိုယ်အပူချိန် ကိုယ်အပူချိန် ပုံမှန်ထက်ကျော်လွန်နေပါက ကုသမှု ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်အပူချိန်ပုံမှန်ပြန်ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာမှ ပြန်လည်ပြသရန် မေတ္တာရပ်ခံပါတယ်။
ကျွန်ုပ်တို့ရဲ့ ဦးစားပေးပထမဆင့်က customer လူကြီးမင်းများ နဲ့ ဝန်ထမ်းများရဲ့ လုံခြုံမှုနဲ့ ကျန်းမာရေးဖြစ်တာမို့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ တိုက်တွန်းအပ်ပါတယ်။

 

လေးစားစွာဖြင့်
Dream Aesthetic & Medispa မိသားစု

COVID-19 အသိပေးကြေညာလွှာ