ပါးချိုင့် ဖော်ပေးခြင်း
ပါးချိုင့်ကို လူအတော်များများ နှစ်သက်ကြပြီး ဆွဲဆောင်မှုရှိသည်၊ ဖော်ရွေဟန်ရှိသည်၊ နုပျိုဟန်ရှိသည်ဟု ယူဆကြသည်။ ဤသည်မှာ အမျိုးသားရော အမျိုးသမီးများအတွက်ပါ မှန်ပါသည်။ သို့သော်လည်း လူဦးရေ၏ ၂၀% သာလျှင် ပါးချိုင့်ရှိပါသည်။ အကယ်၍ လူကြီးမင်းက ကျန် ၈၀% ထဲတွင် ပါဝင်နေပြီး ပါးချိုင့်လိုချင်လျှင်ဖြစ်စေ၊ မျက်နှာတစ်ဖက်တွင်သာ ပါးချိုင့်ရှိလျှင်ဖြစ်စေ ပါးချိုင့်ဖော်ပေးသည့် ကုသမှုကို ရွေးချယ်ရန် စဉ်းစားကြည့်နိုင်ပါသည်။
ပါးချိုင့်ဖော်ပေးသည့် ကုသမှုသည် အနည်းငယ် ခွဲစိတ်ရသော်လည်း ရိုးရှင်းသော ကုသမှု ဖြစ်ကာ နောက်ဆက်တွဲ ပြဿနာ အလွန်နည်းပါးပါသည်။ သွေးကြောထဲသို့ မေ့ဆေးထိုးသွင်းခြင်း သို့မဟုတ် ထုံဆေးပေးခြင်းဖြင့် ပါးချိုင့်ဖော်သည့် ခွဲစိတ်မှုကို ဆောင်ရွက်နိုင်ပါသည်။ ပါးချိုင့်ဖော်ခြင်း မပြုလုပ်မီ ပါးချိုင့်နေရာအသစ်ကို အမှတ်အသားပြုပြီး လူနာက အတည်ပြုရပါသည်။ ခွဲစိတ်မှု ပြုလုပ်ကာ တစ်ရှူးအချို့ကို ဖယ်ရှားပြီးနောက် အရေပြားကို ချုပ်ပါသည်။ ထိုအခါ ပါးပေါ်တွင် အနည်းငယ် ချိုင့်ဝင်သွားအောင် ဖန်တီးလိုက်ခြင်းအားဖြင့် သဘာဝကျသော ပါးချိုင့်ပုံစံအား ရရှိစေပါသည်။
နားကားခြင်းကို ပြုပြင်ကုသခြင်း
အတွေ့ရများသည့်ပုံစံ ဖြစ်သည့်တိုင် နားရွက်က အပြင်ဘက်သို့ အလွန်ကားနေပါက တစ်ခါတစ်ရံ လူကြီးရော လူငယ်ပါ ကိုယ့်ကိုယ်ကိုယ် မလုံမလဲ ဖြစ်နေတတ်ပါသည်။ ဤသို့ နားအရိုးနု ပုံပျက်နေသည်မှာ နားရွက်ဖွံ့ဖြိုးကြီးထွားမှု ကာလတွင် ဖြစ်ပေါ်တတ်ပါသည်။ နားရွက်ကို ဦးခေါင်းနှင့် ပိုနီးလာအောင် ခွဲစိတ်ပြုပြင် ပေးနိုင်ပါသည်။
နားကားခြင်းကို ပြုပြင်ခွဲစိတ်မှုသည် ကျွန်ုပ်တို့၏ တီထွင်ဆန်းသစ်ပြီး အဆင့်မြင့်သော ကုသမှုဖြစ်ကာ သဘာဝကျသည့် နားရွက်ပုံစံ ရရှိစေပါသည်။
